Ep 6 (Uni)

9.4K 471 24
                                    

သင်္ခပုံမှန်အချိန်ထက် အစောကြီးနိုးနေခဲ့သည်။ အစောကြီးနိုးလာသော်လည်း အိပ်ရေးမ၀တာမျိုးမရှိပဲ လူကလန်းဆန်းတက်ကြွနေ၏။

အဟင်း....

မနေ့ညကအကြောင်းပြန်တွေးမိတော့ အသံထွက်ပြီးပင် စိတ်လိုလက်ရပြုံးမိသွားသည်။ မနေ့က ရင်ခုန်စိတ်လှုပ်ရှားစရာကိစ္စလေးတွေ အကြာကြီးလုပ်ခဲ့ရတာမလား။ ဘေးကိုငဲ့စောင်းကြည့်မိတော့ အသေးလေးက တုတ်တုတ်မျှပင်မလှုပ်။ အင်းပေါ့....ညက သူ့လက်ချက်ကြောင့် သူလေးပင်ပန်းနေရောပေါ့
အဟင်း.....။

မျက်ရည်စလေးတွေစိုစွတ်နေတဲ့ မျက်တောင်ရှည်လေးတွေက ကော့ညွန့်နေကာ ပါးမို့မို့လေးတွေက ရဲတွတ်နေသေးသည်။ တစ်စိတ်! မျက်ရည်စလေးတွေဘာလို့
မခြောက်သေးတာလဲ? အိပ်မက်ထဲထိများ ငိုနေတာလားကွာ....! နှုတ်ခမ်းလေးတွေမှာလည်း သူ့လက်ချက်ကြောင့် အနည်းငယ်ယောင်ကိုင်းချင်နေ၏။
သေးသေးသွယ်သွယ်မျက်နှာလေးမှာလည်း အားမရှိ
သယောင် ဖြူဖျော့ဖျော့လေးဖြစ်နေရှာသည်။ ထို့နောက် လည်တိုင်မှ တစ်ဆင့် မြင်နေရတဲ့ ရင်ညွှန့်ထိ သူပေးထားတဲ့အမှတ်ရာတွေက ရဲပတောင်းခတ်နေ၏။ သူအဲ့လောက်တောင်ဆိုးမိသွားတာလား? သေချာတယ် စောင်အောက်က မမြင်ရတဲ့နေရာတွေက ဒီထက်ပိုဆိုး နေမယ်ဆိုတာ....။

"ကိုယ့်ကိုအပြစ်မတင်နဲ့ မင်းလေးကကို အရမ်းဆွဲ‌ ဆောင်မှုရှိ‌လွန်းနေတာ...မထိပဲ မကိုင်ပဲ မနေနိုင်လောက်အောင်ပဲ"

အင့်!

ကျွတ်! ကျွတ်! အိပ်အိပ်...!

ဂရုဏာသက်မိစွာဖြင့် အသေးလုံးလေးအား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာဖက်လိုက်တော့ အသံလေးတစ်ချက်ထွက်လာတာကြောင့် ကျောလေးကိုပွတ်ကာ ပြန်ချော့သိပ်လိုက်ရသည်။

သူဘာတွေလုပ်နေမိတာလဲ! သူ အခု ကလေးတစ်ယောက်လို ချော့သိပ်လိုက်တာပေါ့လေ...

ဟား! မင်းကတော့လေ ငါ့ကို တခြားတစ်‌ယောက်လိုဖြစ်ဖြစ်သွားအောင် လုပ်နိုင်လွန်းတယ်။ တစ်ချို့အရာတွေဆို သူကိုယ်တိုင်တောင်မသိပဲ သတိလက်လွတ်လုပ်မိသွားသည်ထိ!

မင်း ခုကတည်းက ကိုယ့်ကိုအနိုင်ယူနေပြီပဲ
ကလေးလေး....

ရင်ခွင်ထဲရှိနေတာတောင် အသည်းယားလို့
ဖျစ်ညှစ်ပစ်ချင်လိုက်တာကွာ... !

ရှုမငြီးတဲ့ ချစ်ဇနီးလေးWhere stories live. Discover now