"ဂျုံဆောင်းဟျောင်း~ဟျောင်းကျွန်တော့်ကိုကစားနေတာလား?? "
"ဟင်း~ဂျောင်ဝန်းကဘယ်လိုထင်လို့လဲ?? "
ဂျုံဆောင်းဟျောင်းက steakကိုလှီးဖြတ်နေရင်းပေါ့ပေါ့ပါးပါးပြန်မေးလာသည်...
"ဟျောင်းက ကျွန်တော့်ကိုဆက်ဆံနေတဲ့ပုံစံက စီးပွားရေးပါတနာရဲ့သားမို့လို့အလိုက်အထိုက်ဆက်ဆံနေသလိုမျိုးခံစားရတယ်...တကယ်ကြီး ဟျောင်းကကျွန်တော့်အပေါ်စိတ်မရှိတာလား?? "
"မင်းလဲသိနေတာပဲလေ~ကိုယ့်မှာစေ့စပ်ထားတဲ့မိန်းကလေးရှိနေတာကို..."
"......"
"ကိုယ်မင်းကို ညီလေးတစ်ယောက်လိုခင်ပါတယ် ဂျောင်ဝန်းနီး...ဒီ့ထက်ပိုလာဖို့တော့ ကိုယ်လဲမစဥ်းစားထားဘူး~"
ဒီစကားတွေကိုဂျုံဆောင်းဟျောင်းက အေးအေးဆေးဆေးပြောထွက်လာတာကိုဂျောင်ဝန်းကမအံ့သြတော့ပါ...
ဂျုံဆောင်းဟျောင်းက အရင်တည်းကဒီလိုပဲလေ~
ဂျောင်ဝန်းကသာသိရဲ့သားနဲ့လိုက်နေမိတာမဟုတ်လား...
"ရော့ ဒါမင်းအတွက်~~ကြောင်လေးတွေကအစားကောင်းကောင်းစားမှ ထွားတာ သိရဲ့လား? "
ဂျုံဆောင်းဟျောင်းက လှီးပြီးသား steakပန်းကန်ကိုဂျောင်ဝန်းရှေ့ကပန်းကန်
နှင့်လဲပေးရင်းဂျောင်ဝန်းခေါင်းကိုလဲဖွဖွပုတ်ပေးလို့ပြောလာသည်~~"ဟုတ်~ကောင်းကောင်းစားပါ့မယ် "
ဂျောင်ဝန်းကလဲ အမှတ်မရှိဘူးလေ~
သူကဒီဂရုစိုက်မှုတွေကိုပဲ ပိုပိုပြီးလိုချင်နေတာမို့...
မီးကိုတိုးတဲ့ပိုးဖလံလေးလိုပဲ...
ကိုယ့်ကိုနာကျင်စေမှန်းသိရက်နဲ့တောင် တိုးဝင်မိတာမျိုး....
~
~
~
~
~"ဒီလူကြီးက ဘာလို့အိမ်ကိုခဏခဏလာနေတာလဲ? "
"နီခီ~ Kaiza San က အလုပ်ကိစ္စကြောင့်လာနေတာလေ~မင်းစိတ်ကိုနည်းနည်းလေးလျှော့ "
"အခုတော့ ဟျောင်းက ကျွန်တော့်ဘက်ကမပါတော့ဘူးပေါ့~ဟမ်?? "
"နီခီစံ~မင်းဒီရက်ပိုင်းအရမ်းတွေဆိုးလာတယ်နော်~အဖေသိရင် မင်းတော့ အတွယ်ခံရမှာ "
![](https://img.wattpad.com/cover/385180357-288-k142336.jpg)