တွေ့ဆုံမှုက ကျွန်တော့်ကို ကယ်တင်ပေမဲ့ လူတစ်
ယောက်အဖြစ်။💕💕💕💕
||"UGLY"||
#XIUHAN#
"ရုပ်ဆိုးတယ်......မင်းက ဝလဲဝသေးတယ်..
ပါးတွေကလဲ ဖောင်းနေသေး..ရုပ်ဆိုးတယ် သွား"ငယ်ငယ်ထဲက အတန်းထဲကကျောင်းသားတွေရဲ့
လှောင်ပြောင်မှုတွေက ကျွန်တော့်ကို ခြောက်ခြား
နေစေတုန်းပါပဲ ။ လက်ညိုးထိုးစနောက်မှုတွေ...။
ခြေထိုးခံကာ ပုံပျက်ပန်းပျက်လဲကျသွားတဲ့ ကျွန်တော့်
ကို ဝိုင်းရယ်မောနေကြတဲ့ပုံရိပ်တွေ ။ အဖော်သူငယ်
ချင်းရယ်လို့မရှိတဲ့ကျွန်တော့်ကို အနိုင်ကျင့်ကြတဲ့
ပုံရိပ်တွေ၊ဒါတွေ အကုန်လုံးက ဦးနှောက်မှာ သံမှို
ရိုက်ထားသလို စွဲနေတုန်းပါပဲ ။အဖော်မဲ့ခဲ့တဲ့ကျွန်တော် ကျောင်းတက်ဖို့တောင်
ကြောက်ရွံလာခဲ့ရသည်။ အခန်းတွင်းအောင်းပြီး
ငိုနေတတ်တဲ့ ကျွန်တော်က အပြင်ထွက်ရမှာ ကြောက်
တတ်သွားသည်။အသက်(၁၂)နှစ်အရွယ် ကလေးအတွက် ဒီဖြစ်ရပ်
တွေက သိပ်ကို အကြဉ်းတန်စေသည် ။ကြောက်ရွံ
စေသည်။ ရင်ဆိုင်ဖို့ နုငယ်လွန်းသည်။"သား.....ကျောင်းမသွားချင်ဘူး မာမီ"
ပညာရေးအတွက် လက်လွတ်မခံနိုင်တဲ့ ကျွန်တော့်
မိဘတွေက နောက်ဆုံး ကျွန်တော့်အတွက် စီစဉ်
ပေးနိုင်တာက ခေါင်းစွပ်အနွေးထည်လေး တထည်
ပါပဲ။ ကျွန်တော် ကျောင်းပြောင်းခဲ့သည်။ ခေါင်းစွပ်
အနွေးထည်လေးက ကျွန်တော့် အဖော်ဖြစ်လာခဲ့
သည်။ မျက်နှာတခုလုံး ဖုံးလုနီးပါးထိ စွပ်ထားတဲ့
ခေါင်းစွပ်လေးအပြင် မျက်မှန်ဝိုင်းလေးက ကျွန်တော့်
လက်စွဲဖြစ်လာခဲ့သည်။နောက် ၆နှစ်ခန့်အကြာမှာ ................
ကျွန်တော့်မိဘတွေက စီးပွားရေးက သိသိသာသာ
တိုးတက်လာခဲ့တာကြောင့် ပိုက်ဆံကို လိုသလောက်
သုံးဖြုန်းနိုင်တဲ့ အခြေအနေဖြစ်ပေမဲ့ ကျွန်တော်လိုလူ
အတွက် ဘာတွေလိုအပ်နေမှာလဲ ။ အမျိုးမျိုးသော
ခေါင်းစွပ်အင်္ကျီထူထူကြီးတွေကသာ အဝတ်ဗီရိုထဲ
နေရာယူလာကြသည်။ မျက်မှန်ဝိုင်းလေးတွေက
ကျွန်တော့်အတွက် အရေးပါလာခဲ့သည်။
YOU ARE READING
UGLY
Fanfictionကျွန်တော့်မျက်နှာပေါ်က အပြုံးတပွင့်ဟာ သူ့ကြောင့် ဖြစ်တည်လာခဲ့သည်။ သူက ကျွန်တော့်အတွက် တန်ဖိုးထားရသူ။ ကျွန်တော်က သူ့အတွက် သာမန်လူ။ Luhan =>Luhan???? Xiumin=>Minseok???? XIUHAN(YAOI❤)