လေ့လာရေးခရီးထဲက မင်ဆော့အနားကိုကပ်ဖို့
ထယ်အိုအမျိုးမျိုးကြိုးစားခဲ့ပေမဲ့ လုဟန်ကြောင့်
အဆင်ပြေမှုတခုမှမရှိခဲ့။ မင်ဆော့နဲ့တရင်းတနှီး
စကားပြောဖို့ အခွင့်အရေးတောင် မရခဲ့တာကြောင့်
ထယ်အို၏ စိတ်ခုရာသည် လုဟန်အပေါ်၌သာဖြစ်
ပေါ်ခဲ့သည်၊ မင်ဆော့အနားကို နည်းအမျိုးမျိုးနဲ့
ကြိုးစားကပ်ခဲ့တိုင်း အနှောင့်အယှက်တခုလို
လုဟန်က အမြဲတမ်းတားဆီးခဲ့သည်။ကာဆီးခဲ့
သည်။ အခွင့်အရေးမရအောင် ပိတ်ပင်ခဲ့သည် ။မင်ဆော့ရဲ့ အပြုံးချိုချိုလေးတွေကို သူရဖို့်ကြိုးစား
တိုင်း အချည်းအနှီးဖြစ်အောင် လုဟန်က တားဆီး
ခဲ့လေတိုင်း ဒေါသဖြစ်ကာ အောင့်သက်သက်နဲ့
လှည့်ပြန်ခဲ့သည့် အခါပေါင်းက မနည်းတော့ ။
လက်လွတ်မပေးနိုင်ပါ ။ဂင်မင်ဆော့ဆိုတဲ့ ကောင်
လေးဟာ သေချာပေါက် ငါ့အတွက်ပဲ ပြုံးနေစေရ
မယ်ဆိုတဲ့ဆုံးဖြတ်ချက်တခုဖြစ်ပေါ်လာပြီနောက်
အရာရာဟာ ထင်သလောက် မချောမွေ့နိုင်တော့ ။"ငါတို့ စကားပြောဖို့ လိုပြီ ထင်တယ် "
မထင်မှတ်ဘဲ မျက်နှာချင်းဆိုင်တိုးတော့ အနားက
ုဖြတ်လျှောက်သွားတဲ့ လုဟန်ရဲ့ လက်တဖက်ကို
ဖမ်းဆွဲလိုက်တော့ ချက်ချင်းပင် လုဟန်ဘက်က
ရုန်းကန်မှုဖြစ်ပေါ်လာတာကြောင့် ထယ်အိုအသာ
တကြည်လွှတ်ပေးလိုက်သည်။"မင်းလဲ မင်ဆော့ကိုသဘောကျနေလား "
ထယ်အိုရဲ့မေးခွန်းကို မျက်ခုံးနှစ်ဖက်မြှင့်တက်သွားကာ
လုဟန် ခဏတော့ငြိမ်သက်သွားသည်။ ဒါပေမဲ့
လုဟန်ရဲ့မျက်နှာအမူအရာဟာ အံသြရိပ်တွေတော့
မရောနှောနေ။ ကြိုသိနေခဲ့တဲ့မေးခွန်းတခုကို
အမေးလိုက်ရတဲ့ပုံလို ခပ်ရေးရေး ပြုံးပြလာသည်။"ဟုတ်တော့ကော___ "
ဂရုမစိုက်သလိုလို အလေးမထားသလိုလို မေးခွန်းကို
ပြန်ဖြေလာတဲ့ လုဟန်ရဲ့သွင်ပြင်ကို ထယ်အိုတစ်စက်
ကလေးမှ မကြိုက်။ ကိုယ်သိပ်အလေးအနက်ထားရ
တဲ့မေးခွန်းတွေကို လုဟန်က ရယ်မောခဲ့သည်လေ။
![](https://img.wattpad.com/cover/112548858-288-k339598.jpg)
YOU ARE READING
UGLY
Fanfictionကျွန်တော့်မျက်နှာပေါ်က အပြုံးတပွင့်ဟာ သူ့ကြောင့် ဖြစ်တည်လာခဲ့သည်။ သူက ကျွန်တော့်အတွက် တန်ဖိုးထားရသူ။ ကျွန်တော်က သူ့အတွက် သာမန်လူ။ Luhan =>Luhan???? Xiumin=>Minseok???? XIUHAN(YAOI❤)