"စာလဲစိတ်ဝင်စားလေ "ဘတ်ဟွန်းက မျက်နှာရိပ်မျက်နှာကဲပြကာ စာစိတ်ဝင်
စားဖို့ သတိအတန်တန်ပေးနေသော်လည်း ကျွန်တော်
စိတ်တွေက အတန်းချိန်မှာပေါ်မလာတဲ့ လုဟန်ဆီကို
သာရောက်နေမိသည်။ မနေ့က ကိစ္စဖြစ်ပျက်ခဲ့ပြီး
နောက် ဒီနေ့ကျောင်းကို လုဟန်ရောက်မလာခဲ့ပါ။
သူ ဘယ်လောက်ထိခံစားနေရမလဲဆိုတဲ့ အတွေးနဲ့
တင် မျက်ရည်ကျမိသည်။လုဟန်ဆိုသော သူသည်သာ ကျွန်တော့်ရဲ့အားနည်း
ချက်။ ကျွန်တော် မျက်ရည်ကျစရာ အကြောင်းပြချက်
ဖြစ်သည်။မနေ့ကသူရခဲ့တဲ့ ဒဏ်ရာကိုရော ဆေးထည့်ရဲ့လား။
သူ အဆင်မှပြေရဲ့လား၊သူ နေရောကောင်းရဲ့လားဆို
တဲ့အတွေးတွေရဲ့နှိပ်စက်မှု့အောက်ကနေရုန်းထွက်ဖို့
ညနေကျရင် ကျွန်တော် သူ့ဆီသွားကြည့်ရမယ်လို့သာ
ဆုံးဖြတ်ချက်ချလိုက်သည်။မနေ့က ကင်ဟဲနာကို မယုံကြည်နိုင်တဲ့မျက်လုံးတွေ
နဲ့ကြည့်နေခဲ့တဲ့ သူ့ကိုပြန်မြင်ယောင်ကြည့်တို်င်း
သူ့ကို ထပ်တလဲလဲ သနားနေမိသည်။နာကျင်ရတယ်မလား လုဟန်ရယ်။
"ကို__အဆင်ပြေရဲ့လားဆိုတာ တို့သိချင်လို့"
ဒါကို မျက်နှာပြောင်တိုက်တယ်လို့ ခေါင်းစဉ်တပ်ရ
မလား မသိပေမဲ့ ကင်ဟဲနာက မည်သို့မိန်းကလေး
နည်း။ မနေ့ကတော့ ဂရုမစိုက်သလိုအော်လွှတ်ပစ်
ခဲ့ပြီး အခုမှ လာစိတ်ပူပြနေပြန်သည်။"သူ့နေရာမှာ ခင်ဗျားဆိုရင်ကော အဆင်ပြေမယ်
လို့ထင်လား "ပြန်ပြောလိုက်တဲ့ မင်ဆော့စကားကြောင့် သူမ မျက်နှာ
ပျက်သွားသည်။ မင်ဆော့စကားက သူမအတွက်
ထိထိမိမိကြီး ခံစားသွားစေသလား မသိပေမဲ့
မင်ဆော့အားမနာတတ်တော့ပါ။"တို့အစား မင်းသွားကြည့်ပေးပါ "
"သိချင်ရင် ကင်ဟဲနာကိုယ်တိုင်ပဲသွားကြည့်လိုက်
ပါလား ၊ အဲ့တာပိုမကောင်းဘူးလား "
YOU ARE READING
UGLY
Fanfictionကျွန်တော့်မျက်နှာပေါ်က အပြုံးတပွင့်ဟာ သူ့ကြောင့် ဖြစ်တည်လာခဲ့သည်။ သူက ကျွန်တော့်အတွက် တန်ဖိုးထားရသူ။ ကျွန်တော်က သူ့အတွက် သာမန်လူ။ Luhan =>Luhan???? Xiumin=>Minseok???? XIUHAN(YAOI❤)