အရင်နဲ့မတူ တမူထူးခြားလာတဲ့ ခံစားချက်တွေကို
စိတ်က အမျိုးမျိုးထိန်းချုပ်ကြည့်ပေမဲ့ နှလုံးသားက
သစ္စာဖောက်ချေသည်။ ဦးနှောက်က တားမြစ်နေပေမဲ့
ရင်ဘတ်ရဲ့တနေရာက တဒုတ်ဒုတ်နဲ့ ခုန်နေပြန်ပြီ။
သူ့အကြောင်းသာ တွေးမိရင် နူတ်ခမ်းအစုံက နှစ်နှစ်
ခြိုက်ခြိုက်ကွေးညွှတ်ကာ ပြုံးမိဖို့အားယူလာသည်။ရော် __မခုန်နဲ့တော့လို့ စိတ်က ထိန်းချုပ်နေပေမဲ့
လက်တွေ့မှာ နှလုံးသားတစ်ခုလုံးက အပြင်ဘက်ကို
ခုန်ပေါက်ထွက်လာတော့မလို ။"စီနီယာ ထယ်အိုနဲ့ အတူရှိနေတာ ကိုယ်မကြိုက်ဘူး
မင်ဆော့___သူ နဲ့ဝေးဝေးနေပေးလို့မရဘူးလား"ပြန်ကာ ပြန်ကာ သူပြောသွားတဲ့စကားကို တွေးမိတိုင်း
နူတ်ခမ်းတွေက လိုလိုချင်ချင်ကြီး ပြုံးယောင်သန်းလာ
သည်။ သဝန်တိုရန်ကော လို့ တဖက်သတ်အမြင်နဲ့
ကျွန်တော်ဟာ အမှတ်မရှိတွေးမိပြန်သည်။သူသာ နေ့တိုင်း၊အချိန်ပြည့် ကျွန်တော့်ကိုသာ သဝန်
တိုပေးနေမယ်ဆို ဘယ်လောက်ကောင်းလိုက်မလဲ။ဒီထက်ပိုပြီး လောဘတတ်ရရင်တော့ အချစ်ကိုသာ
မျှော်လင့်တောင်းခံမိမယ်ထင်သည်။"ကလေးရယ် ___ ဟိုရောက်ရင်လဲ ကိုယ့်ကို
ဂရုစိုက်ဦး "ဒေါ်လေးရဲ့ တတွတ်တွတ်မှာ မပြီးစတမ်းမှာကြား
နေတဲ့စကားတွေကြောင့် စိတ်နဲ့ကိုယ်နဲ့ ပြန်ကပ်ချိန်
နူတ်ခမ်းတွေက အလိုလို ဆူထွက်လာတော့သည်။
ကလေးရယ်နှင့်ဆိုကာ လေ့လာရေးခရီးအတွက်
အထုပ်အပိုးတွေလာပြင်ပေးနေတဲ့ ဒေါ်လေးကိုသူ
သဘောမကျစွာ ဆူဆူဆောင့်ဆောင့်နေပြလိုက်
သည်။"ကိုယ့်ဘာသာထည့်ပါမယ်ဆို_ဒေါ်လေးတို့က
ဘယ်ချိန်ထိ ကလေးလိုဆက်ဆံနေဦးမှာလဲ""ကဲပါ___ကလေးလိုသာ အခေါ်မခံချင်တာ
ငယ်ငယ်ကအတိုင်း ကောက်နေသေးတယ်
ဒီထဲမှာ ခေါင်းကိုက်တာတွေဖစ်ရင် သောက်
ဖို့ဆေး ထည့်ပေးထားတယ် "
YOU ARE READING
UGLY
Fanfictionကျွန်တော့်မျက်နှာပေါ်က အပြုံးတပွင့်ဟာ သူ့ကြောင့် ဖြစ်တည်လာခဲ့သည်။ သူက ကျွန်တော့်အတွက် တန်ဖိုးထားရသူ။ ကျွန်တော်က သူ့အတွက် သာမန်လူ။ Luhan =>Luhan???? Xiumin=>Minseok???? XIUHAN(YAOI❤)