အချစ်​က_ရိုးသားသည်

3K 342 16
                                    


ကင်​ဟဲနာ သူမ ဘာ​ကြောင့်​များ ကိုယ့်​အ​ပေါ်အရမ်း
ချစ်​တဲ့လုဟန်​ကို ဒီလိုလုပ်​နိုင်​ရတာလဲ။ ကျွန်​​တော်
လိုချင်​မိတဲ့ လုဟန်​ရဲ့အချစ်​​တွေကို မနာလိုစရာ
ကောင်း​အောင်​ သူမ ပိုင်​ဆိုင်​ထားတာ​တောင်​ဘာလို့
လဲ။ သူမအတွက်​ ပိုက်​ဆံလား သူမအတွက်​  အ​ရေး
ကြီးသည်​က ပိုက်​ဆံဆိုသည့်​အရာလား။

သူမက ​ငွေနဲ့အရာအားလုံးကို တိုင်းတာတဲ့သူလား။

လုဟန်​ နာကျင်​ရမှာကို သူမဘာလို့ထည့်​မ​တွေးခဲ့ရ
တာလဲ။ သူမ​ပြော​တော့ လုဟန်​ကို ချစ်​ပါတယ်​ ဆို
ပြီး​တော့ ​လုပ်​ရက်​သည်​။

"လုဟန်​ အများကြီးနာကျင်​ရမှာ "

တခုခုကို​တွေ​တွေ​ဝေ​​ဝေ​လေး စဉ်းစား​နေရင်း မင်​​ဆော့
တိုးတိုး​လေး​ပြော​နေ​ပေမဲ့ ဘတ်​ဟွန်းကြား​နေရသည်​။
လုဟန်​ နာကျင်​ရမယ်​ဆိုတာထက်​ မင်းက အဆ​ပေါင်း
များစွာနာကျင်​ပြီးပြီလား မဟုတ်​လား မင်​​ဆော့ရယ်​။

"မင်းက​ကော သူ့အတွက်​ထည့်​​တွေး​နေရ​အောင်
မင်းက​ကော မနာကျင်​ရဘူးလား အရူး "

"ငါ နာကျင်​ရတာက ငါ့အပြစ်​​လေ တဖက်​သတ်
အချစ်​ကြီးကို ငါကိုယ်​က မ​ကြောက်​မရွံ​ရွေးချယ်​မိ
သွားတာ​လေ "

သူများအပြစ်​ကို ကိုယ့်​အပြစ်​လို ​တွေးပူ​နေတတ်​တဲ့
မင်​​ဆော့ရဲ့ ဖြူစင်​တဲ့စိတ်​က​လေးကို တခါတခါ
ဘတ်​ဟွန်း​ဒေါသထွက်​မိသည်​။ ကင်​ဟဲနာ ရဲ့အပြစ်
ကို ကိုယ့်​အပြစ်​လို ပူပန်​​နေတတ်​တဲ့ မင်​​ဆော့ကို
သူဘယ်​လို​ပြောပြရမလဲ။

"မင်းအချစ်​က ဖြူစင်​တာထက်​ပိုပါတယ်​ကွာ"

ဘတ်​ဟွန်း တ​ယောက်​ မင်​​ဆော့ကို ​ငေးကြည့်​ရင်း
ပါးစပ်​​လေးလှုပ်​ရုံမျှသာ ​ရေရွတ်​မိသည်​။

"အမှန်​တကယ်​ဆို မင်း​​လေ ကင်​ဟဲနာအ​ကြောင်း
ကို လုဟန်​ကို​ပြောပြသင့်​တယ်​ "

မျက်​ရည်​​တွေ ပြည့်​လျှံလာတဲ့ မင်​​ဆော့ရဲ့မျက်​လုံး
အိမ်​​လေး​ကြောင့်​ ဘတ်​ဟွန်း ပြာပြာသလဲဖစ်​သွား
ရသည်​။

UGLYWhere stories live. Discover now