မင်းအစား ငါ ရူးချင်မိတယ် မင်ဆော့ !!အားရအောင်ငိုပြီးသွားမှ အိပ်ပျော်သွားတဲ့မင်ဆော့ကို
ကြည့်ကာ ဘတ်ဟွန်း သက်ပြင်းအခါခါချပြီးရင်းသာ
ချနေမိသည် ။မင်ဆော့ကိုကျမှ ဘာလို့ ရက်စက်နေကြရတာလဲလို့
သာ အော်ဟစ်မေးပစ်လိုက်မိသည် ။ ငယ်ငယ်ထဲက
ူတခြားသူတွေရဲ့အနိုင်ကျင့်ခံ ရတဲ့ဘဝနဲ့ရှင်သန်လာ
ခဲ့ရတာနဲ့တင် မကျေနပ်နိုင်သေးဘူးလား ၊ အခုထပ်
ပြီး ငိုခိုင်းနေပြန်သည် ။ ဘယ်သူ့ကိုအပြစ်တင်ရမှာ
လား ၊ လုဟန်ကိုလား ?ကံတရားကိုလား ?" မျက်နှာတောင် ချောင်ကျသွားတယ် __ဘယ်လောက်
ထိ ငိုနေခဲ့သလဲ ငါတို့မသိအောင်ကြိတ်ငိုတော့မင်း
ပင်ပန်းတာပေါ့ကွာ "အရင်ကျောင်းတုန်းက တခြားသူတွေရဲ့အနိုင်ကျင့်ခံရ၊
အစအနောက်ခံရတာတောင် မင်ဆော့ သည်လောက်
အထိရှိုက်ကြီးတငင်ငိုခဲ့တာမျိုးမရှိ ၊ အခုတော့ သူ့ရှေ့
မှာတောင်မထိန်းနိုင်အောင် ငိုသည် ။ငါသာ ဒီကျောင်းကိုမပြောင်းခဲ့ရင် မင်းလဲ ဒီကျောင်း
မှာရှိနေရမှာမဟုတ်ဘူး ၊ အခုလိုလဲ ငိုနေရမှာမဟုတ်
ဘူး ၊အတွေးတို့ တဝဲလည်လည်နှင့် အိပ်မောကျနေတဲ့
မင်ဆော့နား ထိုင်ကာ ဘတ်ဟွန်း ကိုယ့်ကိုကိုယ်သာ
အပြစ်တင်လိုက်တော့သည် ။"လု_ဟန် ! "
အိပ်နေရင်းတောင် ယောင်ရမ်းကာတသည့်အမည်
နာမက လုဟန် တဲ့လား ။ နူတ်ခမ်းဖျားက လုဟန်လို့
ယောင်လိုက်သည်နှင့် မျက်လုံးထောင့်စွန်းက စီးကျ
လာသည့်မျက်ရည်စတို့ ။ မင်ဆော့ရာ ! အိမ်မက်
ထဲထိတောင် ငိုနေရပြန်ပြီလား ။မင်ဆော့ရဲ့အိမ်မက်ထဲထိသာ ဝင်လို့် ရခဲ့လျှင် သေ
ချာပေါက် ဘတ်ဟွန်းတယောက် အိမ်မက်ထဲက
လုဟန်ကို မောင်းထုတ်ပေးမိမှာအမှန် ။
![](https://img.wattpad.com/cover/112548858-288-k339598.jpg)
YOU ARE READING
UGLY
Fanfictionကျွန်တော့်မျက်နှာပေါ်က အပြုံးတပွင့်ဟာ သူ့ကြောင့် ဖြစ်တည်လာခဲ့သည်။ သူက ကျွန်တော့်အတွက် တန်ဖိုးထားရသူ။ ကျွန်တော်က သူ့အတွက် သာမန်လူ။ Luhan =>Luhan???? Xiumin=>Minseok???? XIUHAN(YAOI❤)