"ကဲ! ရှေ့ကလူတွေကနေတဆင့် နောက်ကို
စာရွက်တွေ လက်ဆင့်ကမ်းသွားမယ် ..."
မှောက်အိပ်နေသော်ငြားလည်း နားထဲ ကြားနေ
ရတဲ့အသံ၊ ကြည်လင်ပြတ်သားတဲ့ အသံက သူ့နား
ထဲချောချောမောမောဝင်ရောက်လာခဲ့ချိန် ကွယ်ဝှက်
ထားတဲ့နူတ်ခမ်းတွေက ပြုံးမိခဲ့သည်၊ သူနဲ့ပတ်သတ်
ရင်း အကဲပိုလွန်းသော အပြုံးတွေကို တခါတလေ
စိတ်ပျက်မိသည်၊
သူ့ကိုတွေးလိုက်ရရင် ပြုံးမိတယ်♡
သူ့စကားသံကြားရင် ပြုံးမိတယ်♡
သူ့ကိုတွေ့လိုက်မိချိန် ပြုံးမိတယ်♡
တချိန်က အပြုံးတွေပျောက်ဆုံးနေတဲ့ကျွန်တော်က
သူ့အတွက်ဆို အပြုံးတွေက ပေါလာလိုက်တာ ၊
သူနဲ့သာအချိန်တိုင်းတွေ့နေရရင် ကျွန်တော်တယောက်
အချိန်တိုင်းပြုံးနေမိမယ်ထင်တယ်၊
"ထတော့! ထတော့ မင်းစာရွက်ရောက်ပြီ"
အခန်းတခန်းပြီးတိုင်း စာပြန်စစ်တတ်တဲ့ဆရာမရဲ့
ဓလေ့ထုံးတမ်းအတိုင်း အခန်းတခန်းပြီးတိုင်း ကျောင်း
သားတိုင်းစိတ်ပျက်တဲ့ ရေးဖြေကြီးကို ဖြေရပြန်ပြီ ၊
ဒီဘာသာက သူရှင်းပြပေးခဲ့တဲ့ ဘာသာ၊
ကိန်းဂဏန်းတခု၊ စာလုံးတစ်လုံး ချရေးချိန်တိုင်း
သူ့ရဲ့စကားလုံးတွေကို ပြန်ကြားနေမိတယ် ၊
ဒီမေးခွန်းက သူရှင်းပြခဲ့ဖူးတယ် ၊ ပြုံးမိပြန်တယ်♡
မေးခွန်းနံပါတ် (၇ ) ၊ မေးခွန်းကိုမြင်လိုက်မိချိန်
နူတ်ခမ်းထက်က အပြုံးတွေပျောက်ဆုံးသွားခဲ့သည်၊
နံပါတ်၇က မေးခွန်းကို သူစာရွက်ပေါ်ချရေးခဲ့ပြီး
သူထွက်သွားခဲ့တယ်၊ သူ ကျွန်တော့်ကို ဒီမေးခွန်း
မရှင်းပြသွားခဲ့ဘူး၊ ပြန်လာခဲ့ပါမယ်ဆိုပြီး ထွက်သွား
ခဲ့တာ၊ နောက်မှရှင်းပြမယ်ဆိုပြီး လိမ်သွားခဲ့တာ၊
နံပါတ် (၇)ရယ်လို့ ချရေးလိုက်ပေမဲ့ စာရွက်ဖြူပေါ်
ဘော့ပင်ကို ချလိုက်သည်၊ စဉ်းစားပြီးတွက်ရင်တောင်
ရလောက်ပေမဲ့ ဟင့်အင်း ဒီမေးခွန်းစဉ်းစားရင်း ကျန်
ရစ်ခဲ့ရတာကို သတိရလွန်းလို့၊ ကျွန်တော် ငိုမိလိမ့်မယ်၊
ESTÁS LEYENDO
UGLY
Fanfictionကျွန်တော့်မျက်နှာပေါ်က အပြုံးတပွင့်ဟာ သူ့ကြောင့် ဖြစ်တည်လာခဲ့သည်။ သူက ကျွန်တော့်အတွက် တန်ဖိုးထားရသူ။ ကျွန်တော်က သူ့အတွက် သာမန်လူ။ Luhan =>Luhan???? Xiumin=>Minseok???? XIUHAN(YAOI❤)
