"စိတ်ထဲက ပြေလည်ချင်နေတာ ဟန်ဆောင်မနေ
ပါနဲ့ ပင်ပန်းတယ်သိလား "ရွှတ်နောက်နောက်စကားလုံးတွေနှင့်ဗြောင်ဘတ်ဟွန်း
က စပြီးရင်စနေတော့သည် ။ သူ့မျက်နှာတစ်ပြင်လုံး
ခရမ်းချဉ်သီးခင်းလို ဖြစ်နေသည်ကို ဂရုမစိုက်ကြ။
ဂျောင်းဆူး၏ခပ်ပြုံးပြုံးအမူအယာသည် ပို၍အနေရ
ခက်နေစေသည် ။ ဂျောင်းဆူး၏အပြုံးထက်ကျော
ချမ်းစရာကောင်းနေသည်က ချန်း၏မျက်စပစ်ပြနေ
မူဖြစ်သည် ။"ဘယ်လိုလဲ ဘယ်လိုလဲ အဆင်ပြေကြတယ်ဟုတ်"
သူ၏အရိပ်အကဲကိုမကြည့်တတ်သည်လား၊ ဂရုမစိုက်
သည်လားမသိသည့် ချန်းသည် အနားကိုတိုးကပ်
လာကာ အသည်းအသန်မေးခွန်းထုတ်နေပြန်တာ
ကြောင့် မင်ဆော့မနေတတ်တော့ ။"အဲ့တာ မင်း___ မင်းကြောင့် ! "
ရုတ်တရတ်ကြီး လက်ညိုးအထိုးခံလိုက်ရသည့်
ဘတ်ဟွန်းက ပုခုံးတွန့်ပြကာ 'ငါက __ဘာလို့ "
ဆိုသည့်မေးခွန်းပြန်ထုတ်လာတော့ သူမဖြေတတ်
တော့ ။ လည်ကုတ်ကို လက်ဖဝါးနှင့်ပွတ်ကာ သူ
စကားလမ်းကြောင်းလွှဲဖို့ဥာဏ်ဆင်ရပြန်သည် ။"ဟို __ ငါ စာပြန်ကူး ချင်လို့ ငှါးပါ့လား "
စာကြည့်စားပွဲပေါ်မှာတင်ထားသည့် ချန်းလွယ်အိတ်
ကို ယူဖို့မတ်တပ်ထရပ်ရုံသာရှိသေးသည် ၊ ချန်းက
လက်သွက်သူပီပီ အလျင်အမြန်လှမ်းဆွဲယူလိုက်ကာ
ရင်ခွင်ထဲထည့်ပိုက်ထားသည်မို့ သူ ပါးစပ်အဟောင်း
သား ဖြစ်ရတော့သည် ။"မင်း __မင်းတို့က ဘာလို့ သူများကိစ္စကိုအဲ့လောက်
စိတ်ဝင်စားနေရတာလဲ "အနေခက်နေသည့်သူ့ကို နည်းနည်းလေးမှ ဂရုမစိုက်
ကြဘဲ လုဟန်နှင့်ကိစ္စကို အရေးတကြီးသိချင်နေကြ
သည် ။"ဘာလို့ရမှာလဲ ? သိချင်တာပေါ့ ဒါ အရေးကြီးတဲ့
ကိစ္စပဲ ငါတို့အကုန်သိရမှဖြစ်မယ် "
BẠN ĐANG ĐỌC
UGLY
Fanfictionကျွန်တော့်မျက်နှာပေါ်က အပြုံးတပွင့်ဟာ သူ့ကြောင့် ဖြစ်တည်လာခဲ့သည်။ သူက ကျွန်တော့်အတွက် တန်ဖိုးထားရသူ။ ကျွန်တော်က သူ့အတွက် သာမန်လူ။ Luhan =>Luhan???? Xiumin=>Minseok???? XIUHAN(YAOI❤)