လူတွေကပြောကြတယ်"အရမ်းချစ်ရင် အရမ်းခံစားရတယ်တဲ့"
ကျွန်တော်ကိုယ်တိုင် သိပ်ချစ်မိလို့ ခံစားနေရပါပြီ ၊
သူ့အချစ် ၊သူ့အပြုံး တွေက ကျွန်တော့်အတွက်ဖြစ်မ
လာနိုင်ခဲ့တော့ဘူးဆိုတဲ့စိတ်နဲ့ ကျွန်တော် ခံစားနေခဲ့
ရပါပြီ ၊ အကြောင်းရင်းက ကျွန်တော်အရမ်းချစ်မိ
သွားခဲ့လို့ပါပဲ.။လူတွေကပြောကြတယ်
"ချစ်တဲ့သူက အမြဲရှုံးတယ်တဲ့ "
ကျွန်တော် ရှုံးပါတယ် ၊ချစ်ရလွန်းလို့ နှလုံးသားမှာ
နာကျင်မှုတွေနဲ့ မျက်ရည်တွေကို စတေးနေရပြီ၊လူတွေကပြောကြတယ်
"အချစ်က မျက်မမြင်လိုပဲတဲ့."
ကျွန်တော် ချစ်မိခဲ့လို့ မဖြစ်နိုင်ဘူးဆိုတာတောင်
နှလုံးသားက အကန်းလို ရှေ့ဆက်ခုန်နေဆဲပါပဲ။
ကျွန်တော် ဂရုမစိုက်ချင်တော့ဘူး ၊မျက်မမြင်တ
ယောက်လိုပဲ ကျွန်တော် ရှေ့ဆက်ပြုမှုမိဦးမှာပါပဲ၊ဟုတ်တယ် ၊ ကျွန်တော် သူ့ကို ဒီလို သိပ်ချစ်မိခဲ့တာ၊
တကယ်တော့ အချစ်က စိမ်းလန်းနေတဲ့ သစ်ရွက်
တွေမှ မဟုတ်တာ.......။တကယ်တော့အချစ်က ရင်ခုန်နှစ်သက်စရာကောင်း
တဲ့ ကောင်းကင်ယံက ကြယ်တခင်းမှ မဟုတ်တာ၊ပုံပြင်ထဲက စင်ဒရဲလားလို အဆုံးသတ်မှာ မင်းသား
လေးနဲ့ပေါင်းဖက်ရဖို့ က မမျှော်လင့်ရဲစရာပါ ...၊
ဒါက ကလေးဘဝက ပုံပြင်တစ်ပုဒ်မဟုတ်လား။ကျွန်တော်က စနှိုးဝိုက်လဲမဟုတ် စင်ဒရဲလားလဲ
မဟုတ်ဘူးလေ ..၊အချိန်တွေက ၃လရှိခဲ့ပြီ ၊ သူတယောက် ကျွန်တော့်
ရှေ့တင်မှာတင် သူ့ချစ်သူနဲ့ ရန်ဖြစ်လိုက် အဆင်ပြေ
လိုက်နဲ့ ရှိနေတုန်းပါပဲ.......၊တခါတရံ သူ့အချစ်တွေ
က အဲ့ဒီမိန်းကလေးတယောက်ထဲအတွက်ပဲ....
သတ်မှတ်ထားခဲ့သလားလို့ တွေးရင်းတွေးရင်း
မျက်ရည်တွေနဲ့ အဆုံးသတ်ရပြန်တယ်..........၊
![](https://img.wattpad.com/cover/112548858-288-k339598.jpg)
YOU ARE READING
UGLY
Fanfictionကျွန်တော့်မျက်နှာပေါ်က အပြုံးတပွင့်ဟာ သူ့ကြောင့် ဖြစ်တည်လာခဲ့သည်။ သူက ကျွန်တော့်အတွက် တန်ဖိုးထားရသူ။ ကျွန်တော်က သူ့အတွက် သာမန်လူ။ Luhan =>Luhan???? Xiumin=>Minseok???? XIUHAN(YAOI❤)