ထင်မှားမိခြင်း ၊ ကျွန်တော့်အတွက် ကျေနပ်စရာက
ပျော်ရွှင်စရာတွေက ၊ ရင်ခုန်စရာတွေက ထင်မှားခြင်း
ကစခဲ့၏ ၊'ချစ် ...ချစ် ရယ်နဲ ဖုန်းပြောနေတဲ့သူ့ဆီက ခေါင်း
ညိတ်ပြအပြုံးတချက်ရယ်တော့ ကျွန်တော်ရလိုက်ပါ
သေးတယ်..' ၊ ဒီအပြုံးတချက်ကိုပဲ ကျွန်တော်က
ရင်ခုန်လိုက်ပါသေးတယ် ။ကျွန်တော် ဘယ်လိုစိတ်မျိုးနဲ့ သူ့ကို ဆက်ရင်ခုန်နေ
ရမလဲ ..၊ တကိုယ်ကောင်းဆန်တဲ့ စိတ်မျိုးနဲ့လား၊
သူသဘောကျတာ ကျွန်တော့်ကိုမဟုတ်မှန်းသိသိလျက်
နဲ့ တကိုယ်ကောင်းဆန်တဲ့စိတ်နဲ့ ဆက်ချစ်နေရဦးမှာ
လား ၊ကျွန်တော် တကယ်ကိုမသိတော့ဘူး.......၊
"အဝတ်လဲလိုက်ဦး.....စိုရွဲနေပြီ "
ဘတ်ဟွန်းနဲ့အတူ စားသောက်ပြီးတော့ အချိန်က ၇
နာရီကျော် ၊ မိုးအေးအေးနဲ့မို့ နှစ်ယောက်သားစာ
ကျက်ဖို့ စိတ်ကူးမရောက်ကြ၊ ကိုယ်စီ ကုတင်ပေါ်
တက် ဇိမ်ကျနေကြတော့တယ် ၊ မိုးကလဲ စဲတော့မဲ့
ပုံမပေါ်တဲ့အပြင် ပိုလိုတောင်သည်းလာတော့တယ်၊ဘတ်ဟွန်းဆီက စာတွေဝင်သံ တတောင်တောင်နှင့်
အသံတွေက အဆက်မပြတ် ၊ မင်ဆော့တယောက်
ကတော့ ဖြူလွှလွှမျက်နှာကျက်ကိုသာ ကြည့်နေရင်း၊
စောင်ကို မျက်နှာဖုံးလုနီးပါးထိ ခြုံထားလိုက်သည်၊"ဘတ်ဟွန်း! ငါ ရပ်လိုက်သင့်ပြီလားဟင် "
ကင်ဟဲနာရဲ့ ချောချောလှလှမျက်နှာလေးကိုမြင်လိုက်
တိုင်း ဆုံးရှုံးမှူကြီးတခု ပြင်းပြင်းထန်ထန်ခံစားလိုက်
ရသည်၊ သူရဲ့ချစ်သူ ကင်ဟဲနာယှဉ်ကြည့်ရင် ကျွန်တော်
က .........ဟင်း...၊"ငါ...ဘာလို့ သူ့ကိုမှသဘောကျမိသွားတာလဲ"
တတောင်တောင်နဲ့ အသံတွေကြားက မင်ဆော့အသံ
ကတချက်ချက် ထွက်ထွက်လာသည်၊ အပြင်မှာ မိုးတွေ
က ပိုပိုသည်းလာတဲ့အပြင် တချက်တချက် လျှပ်စီးလက်
တာတွေကပါ.ပါလာတော့သည်၊ မိုးရေထဲမှာ သူနဲ့အတူ
ဆိုင်ကယ်စီးခဲ့တဲ့အဖြစ်အပျက်ပြန်တွေးမိရင်း မင်ဆော့
ရင်ဘတ်ပေါ် လက်တင်ကာ အသာဖိထားမိသည်၊
![](https://img.wattpad.com/cover/112548858-288-k339598.jpg)
ČTEŠ
UGLY
Fanfikceကျွန်တော့်မျက်နှာပေါ်က အပြုံးတပွင့်ဟာ သူ့ကြောင့် ဖြစ်တည်လာခဲ့သည်။ သူက ကျွန်တော့်အတွက် တန်ဖိုးထားရသူ။ ကျွန်တော်က သူ့အတွက် သာမန်လူ။ Luhan =>Luhan???? Xiumin=>Minseok???? XIUHAN(YAOI❤)