နာကျင်​မူ

4.7K 416 5
                                    


"ရင်​ခုန်​လာစရှိတဲ့ နှလုံးသားက
ရုတ်​တရတ်​ကြီး ကွဲအက်​သွားတာမျိုး"

||"UGLY"||
💙XIUHAN💙

မစတင်​ရ​သေးတဲ့ အချစ်​က ရုတ်​တရတ်​ကြီး နာကျင်
သွားတာမျိုး။ မခံစားဖူး​သေးတဲ့ အသည်းကွဲခြင်းမျိုး
ကြီးလား မသိ​ပေမဲ့ သူ​ပျော်​​နေရင်​ ​ကျေနပ်​ပါတယ်
ဆိုတဲ့ ​သ​ဘောထားက​ရော တကယ်​ပဲ ချစ်​လွန်းလို့
ဖြစ်​​ပေါ်လာခဲ့တာလား။ သဲသဲကွဲကွဲမသိ​သေး​ပေမဲ့
နာကျင်​သွားတဲ့ ခံစားမှုကို​တော့ ရင်​ဘတ်​တစ်​​နေရာ
က ခံစားလိုက်​ရသည်​ .....။

တကယ်​​တော့ ကျွန်​​တော်​က ​နောက်​လူ မဟုတ်​လား။

"အဲ့တာ...အတန်း​ခေါင်း​ဆောင်​ရဲ့ ရည်းစား​လေ
ကင်​ဟဲနာ တဲ့ ...."

ဘတ်​ဟွန်း ​မေးဆတ်​ပြလိုက်​တဲ့ အတန်းပြင်​မှာ သူနဲ့
အတူရယ်​​မောကာ စကား​ပြော​နေတဲ့ ​ကောင်​မ​လေး
ချော​ချော​လေး​ကြောင့်​ ရင်​ထဲက အမျိုးအမည်​မသိတဲ့
ခံစားချက်​​တွေက အတိုးအကြိတ်​ ဝင်​​ရောက်​လာသည်​။
သူ့လက်​​မောင်းကိုတွဲချိတ်​ကာ ရယ်​​မော​နေတဲ့ ထိုမိန်း
က​လေးက ရင်​ဘတ်​ထဲကို တဆစ်​ဆစ်​နာကျင်​သွား
အောင်​ စွမ်းသည်​။

သူ​ပျော်​ရင်​.....ကျွန်​​တော်​...​ပျော်​တယ်​။
ခံယူချက်​က....အနည်းငယ်​...ရူးသွပ်​​ပေမဲ့....။

မနက်​ပိုင်းအတန်းချိန်​​တွေပြီး​တော့ ဗိုက်​ဖြည့်​ပြီး
ဘတ်​ဟွန်းနဲ့အတူ ​စာသင်​ခန်း​ရှေ့က သစ်​သားခုံ
ဝိုင်း​လေးမှာ ထိုင်​​နေတုန်း ​ကောင်​​လေးနှစ်​​ယောက်
ရောက်​လာသည်​။

"​ဘေဘီ......စာအုပ်​ကြီးကယူလာပြန်​ပြီ"

အရပ်​ရှည်​ရှည်​​ကောင်​​လေးက နဲနဲပုပုနဲ့ချစ်​စရာ​ကောင်း
တဲ​ကောင်​​လေး ဆံပင်​​တွေကိုဖွကာ ဆူပုတ်​ပုတ်​​လေး
ပြော​နေတဲ့ မြင်​ကွင်းကို တအံတသြ​ငေးကြည့်​​နေမိသည်

"ဂျုံအင်း.......စာမလုပ်​ချင်​တိုင်း သူများစာအုပ်
တွေကို လာလုမ​နေနဲ့.."

UGLYDonde viven las historias. Descúbrelo ahora