နောက်ထပ်မရှိတော့သော အချစ်တွေနဲ့ ကျွန်တော်
ချစ်နေသည်ဆိုတာကို သူ သိအောင်ဘယ်လိုသက်
သေတွေ၊ ကတိစကားတွေနဲ့ သွားပြောပြရပါ့မလဲ ။တံခါးချပ်ကိုထုရိုက်ကာ 'လွမ်းလို့ပါ'ဆိုသောရင်နင့်
ရတဲ့စကားတွေကို လစ်လျူရှူတတ်နေပြီလား။ကိုယ်သိတဲ့မင်ဆော့က တခြားတယောက်အဖြစ်
ပြောင်းလဲသွားပြီလား ။ဘာပဲဖြစ်ဖြစ် မင်းဆီလာနေတဲ့ ကိုယ့်ခြေလှမ်းတွေ
ကိုတလှမ်းမှ နောက်ပြန်မဆုတ်တာမို့ ကျိန်းသေ
စောင့်နေပေးပါ ။"ခဏတော့ လွှတ်ထားပေးလိုက်ပေါ့_ မင်ဆော့
အများကြီးပင်ပန်းခဲ့တာမဟုတ်လား ___ ဟိုးအရင်
ကင်ဟဲနာကိစ္စထဲက သူ မင်းအတွက် အများကြီး
စဉ်းစားပေးပြီး ကိုယ်တိုင်ကျတော့ ရင်နာခံခဲ့တာလေ"ဂျောင်းဆူရဲ့စကားလုံးတွေက ကျွန်တော့်ရင်ဘတ်
ကို နင့်အင့်သွားအောင်ခံစားသွားစေသည် ။
ဟုတ်ခဲ့သည်မဟုတ်လား ။ ကျွန်တော်ကြောင့်သူ
မျက်ရည်တွေအကြိမ်ကြိမ်အခါခါ ကျခဲ့ရပြီး ပင်ပန်း
ခဲ့ရပြီးပြီ ။ သည်တလှည့်တော့ ကိုယ် အလှည့်ထင်ပါ့။" နောက်နေ့မှပေါ့____"
ဂျောင်းဆူးက စကားလုံးအသုံးအနှုန်းကောင်းကောင်း
လေးနဲ့ကျွန်တော့်အား အခန်းရှေ့မှပထုတ်နေသည်။
ကျွန်တော် သည်အခန်းရှေ့မှာ ရှိနေသည်ကပဲ
မင်ဆော့ကိုတော်တော်လေးစိတ်ပင်ပန်းနေစေပြီ ။
တခုပဲဆုတောင်းမိပါတယ် ။ မငိုနဲ့နော် မင်ဆော့ ။" မင်ဆော့ကိုဂရုစိုက်ပေးပါ _______
မငိုစေနဲ့နော် __ အရမ်းငိုပြီးရင် သူကဖျားတတ်လို့__
ဖျားလိုက်ရင်လဲ နှစ်ရက်သုံးရက်လောက်က အဖျား
ကျတတ်တာ မဟုတ်ဘူး __"
ဂျောင်းဆူးရှေ့ကနေ လှည့်ထွက်လာခဲ့လိုက်သည်။
လွမ်းနေပေမဲ့ မငိုစေချင်တာကြောင့် အတင်းအကြပ်
ထွက်လာဖို့တွန်းအားမပေးနိုင်ပါ ။ ခဏတဖြုတ်လေး
သာ မြင်ခွင့်ရလိုက်သောမျက်နှာလေးက ပိန်သွား
သည်။ သိပ်လှတဲ့မျက်လုံးလေးတွေက မျက်ကွင်းညို
ညိုနှင့် ။
ESTÁS LEYENDO
UGLY
Fanficကျွန်တော့်မျက်နှာပေါ်က အပြုံးတပွင့်ဟာ သူ့ကြောင့် ဖြစ်တည်လာခဲ့သည်။ သူက ကျွန်တော့်အတွက် တန်ဖိုးထားရသူ။ ကျွန်တော်က သူ့အတွက် သာမန်လူ။ Luhan =>Luhan???? Xiumin=>Minseok???? XIUHAN(YAOI❤)