ဇာတ်​သိမ်းပိုင်း

3.8K 293 13
                                        

ဖြေရှင်းလို့်ရမည်​ထင်​ထား​သော ကိစ္စကြီးဟာ ရုတ်​တရတ်​ကြီး ကိုယ်​​ရှေ့တင်​​ရောက်​ချလာခဲ့တာ
ကြောင့်​ လုဟန်​​သေချင်​​လောက်​​အောင်​စိတ်​ညစ်​သွား
ရသည်​ ။ ဗြုန်းစားကြီး ဝတ်​စုံသွား​ရွေး​တော့လို့​ပြော
လာတာ​ကြောင့်​ ဟာယွန်းနှင့်​သူ ​ခေါင်းနပန်းကြီးသွား
ရသည်​ ။

ဒယ်​ဒီကလဲ အ​လျော့မ​ပေးသည့်​ ခပ်​တင်းတင်းမျက်​နှာ
ကြောင့်​ ဟာယွန်းလဲ ဝင်​မ​ပြောရဲ ။ ​ခေါင်းငုံ့ကာဒယ်​ဒီ
စဉ်းစားသမျှနားခံ​နေရသည်​ ။ မျက်​စပစ်​ပြကာ တခုခု
ဝင်​​ပြောဦး​လေလို့ သတိ​ပေး​နေ​ပေမဲ့ ဟာယွန်းကမျက်
နှာကြီးရှုံ့ မဲ့ကာ​ခေါင်းခါပြသည်​ ။

မဖြစ်​​တော့ဘူး ၊ ဟာယွန်းနဲ့သူဘယ်​နည်းနဲ့မှလက်​မ
ထပ်​နိုင်​ပါ။ ချစ်​ရတဲ့သူကိုလဲ မပစ်​ထားရက်​နိုင်​ပါ ။
မနာကျင်​​စေချင်​ပါ ။

"ကျွန်​​တော်​ ကန့်​ကွက်​ပါရ​စေ ဒယ်​ဒီ
ကျွန်​​တော်​နဲ့ဟာယွန်းက သူငယ်​ချင်း​တွေပါ"

ခေါင်းငုံ့ငြိမ်​​နေတဲ့ ဟာယွန်းက ​ဖြေး​ဖြေးချင်း​မော့ကြည့်
လာသည်​ ။ နှစ်​ဖက်​မိဘ​တွေ စီစဉ်​ပြီးသွားတဲ့ကိစ္စ
ကြီး​ကြောင့်​ဟာယွန်းလဲ သူ့အိမ်​ကို​ကြောက်​​နေရသည်​။
အဲ့ဒါ​ကြောင့်​သူမဝင်​​ပြောရဲ​တော့ ၊

"မိဘ​ကကောင်း​အောင်​စီစဉ်​​ထားတာ
မဖျက်​စီးစမ်းနဲ့ ​ဟေ့​ကောင်​ "

ဒယ်​ဒီရဲ့ ကြမ်းသံကြီး​ကြောင့်​ နူတ်​ခမ်းကိုဖိကိုက်​ကာ
ခေါင်းငုံ့သွားပြန်​တဲ့ဟာယွန်း။ တစ်​စက်​က​လေးအသံ
တောင်​ထွက်​မလာတဲ့ဟာယွန်းကိုလုဟန်​ကြိတ်​ကာစိတ်
တို​နေရသည်​ ၊ ဒယ်​ဒီနဲ့မာမီကလဲ သူတို့စိတ်​ကြိုက်
သာစီစဉ်​​နေကြသည်​ ။

"​အေး နင်​အသံမထွက်​လာနဲ့သိလား
အခု​တော့ပြသာနာကတက်​ပြီ"

"ငါ___ ငါလဲ ​ကြောက်​​တာ​ပေါ့"

ကြောက်​တာ​ပေါ့ ဆိုတဲ့ဟာယွန်းစကား​ကြောင့်​လုဟန်
မျက်​နှာရှုံ့ မဲ့ပြလိုက်​သည်​ ။ အရင်​ကဆို ဒယ်​ဒီ ဒယ်​ဒီ
နဲ့အနားကပ်​ပြီးသွားသွားချွဲ​နေပြီး​တော့များ ။

UGLYWhere stories live. Discover now