"ငါသာ မင်ဆော့နေရာမှာဆို သူ့လိုတွေးမနေဘူး"
ဂျုံအင်က ဖက်ခေါင်းအုံးကို ရင်ခွင်ထံထည့်ပိုက်ကာ
ပြောတော့ ချန်းကခေါင်းညိတ်သည်၊ သူသည်လဲ
ဂျုံအင်အတွေးနဲ့ တူနေသည်လေ။ မင်ဆော့ ဘာ
ကြောင့် ဒီလိုအတွေးမျိုးတွေးနေရသလဲဆိုတာတော့
သူတို့အခုထိနားမလည်သေး။
"မင်ဆော့မှာလဲ သူ့အကြောင်းနဲ့သူလေ
ငါကတော့ မင်ဆော့မှန်တယ်လို့ပဲထင်တယ် "
ဂျောင်းဆူးက မင်ဆော့ဘက်က အပြည့်အဝထောက်
ခံသည်။ သူတွေးတာသာ မှန်မယ်ဆိုရင် မင်ဆော့
ဘက်ကမှန်နေပါလိမ့်မယ်။ ကင်ဟဲနာအကြောင်းကို
ဖော်ကောင်လုပ်ပြီးမှ လုဟန်ရဲ့အချစ်ကိုရယူချင်တာ
မျိုးမဟုတ်ဘူးဆိုတာသာ မင်ဆော့အတွေးဆို
ဂျောင်းဆူးတယောက် မင်ဆော့ကိုလေးစားမိမည်။
"ဘာပဲဖစ်ဖစ် ချန်း မင်းဒီနေ့သရုပ်ဆောင်ကောင်း
တယ်သိလား လုံးဝကိုမိုက်တယ် "
အပြင်ကနေ မုန့်ထုပ်ဆွဲပြီး ပြန်ဝင်လာတဲ့ဘတ်ဟွန်းက
လက်မထောင်ပြတော့ ချန်းက အသဲပြဲနဲ့ထအော်ရယ်
ကာ လက်မပြန်ထောင်ပြသည်။
"လုံးဝကို ကင်ဟဲနာ အရှိုက်ထိသွားတာ
မျက်နှာကြီးကို ပုပ်သိုးသွားတာ "
ချန်းနဲ့ဘတ်ဟွန်း လက်ဝါးချင်းရိုက်ပြီး အော်ရယ်နေ
တုန်း တံခါးတွန်းဖွင့်သံနဲ့အတူ မင်ဆော့ဝင်လာတော့
နှစ်ကောင်သား သူတို့မဟုတ်တော့သလို တည်သွား
ကြတော့သည်။
"အာ ရောက်နေကြတာကိုး အဲ့ဒါကြောင့် အပြင်
ကနေတောင် ရယ်သံတွေကြားနေရတာ "
ကျောပိုးအိတ်လေး ကုတင်ပေါ်တင်ကာ စာအုပ်တွေ
ထုတ်ကာ စာကြည့်စားပွဲပေါ် စီတင်နေတဲ့ မင်ဆော့
ကို အကုန်ဝိုင်းကြည့်နေကြတော့ မင်ဆော့လှည့်ကြည့်
လာတော့သည်။
"ဘာလို့လဲ ငါ့ကိုပဲဝိုင်းကြည့်နေကြတာ "
"ဒီနေ့ အတန်းခေါင်းဆောင်နဲ့အတူပြန်တာဆို
ဘာလို့နောက်ကျမှပြန်ရောက်လာတာလဲ"
YOU ARE READING
UGLY
Fanfictionကျွန်တော့်မျက်နှာပေါ်က အပြုံးတပွင့်ဟာ သူ့ကြောင့် ဖြစ်တည်လာခဲ့သည်။ သူက ကျွန်တော့်အတွက် တန်ဖိုးထားရသူ။ ကျွန်တော်က သူ့အတွက် သာမန်လူ။ Luhan =>Luhan???? Xiumin=>Minseok???? XIUHAN(YAOI❤)
