ငါတို့နှစ်ယောက်လုံးသိပ်ချစ်ခဲ့ကြပါတယ်
ငါကနင့်ကိုချစ်တယ်..၊နင်ကသူ့ကိုချစ်တယ်။____________________________________
||Ugly||
XiuHanမနေ့ကမှ ငှါးလာတဲ့ စာအုပ်လေးကို လက်ကကိုင်ကာ
ထိုင်နေကြ သစ်သားခုံလေးမှာ ဝင်ထိုင်လိုက်တယ်။
သူရောက်နေတဲ့အချိန်အတွင်း တစ်ယောက်တလေမှ
ရောက်မလာကြတာမို့ အေးဆေးစာအုပ်လေးဖွင့်ကာ
မှတ်စရာရှိတဲ့ အချက်အလက်လေးတွေကို ကျက်နေ
လိုက်သည်၊ဒီကျောင်းကို ပြောင်းလာရသည်က မကြာသေး ၊
အိမ်က မာမီကစိတ်ပူလို့မဆုံးဖြစ်နေသည်က အတော
မသတ်သေး၊ မာမီသဘောအရ အရင်ကျောင်းကို
ပြန်ပြောင်းဖို့ကို သူလုံးဝကိုငြင်းဆန်ထားသည် ၊ ဆိုး
သွမ်းတဲ့ဟိုကကျောင်းသားတွေနဲ့ဆုံရမှာကြောက်သည်
လို့အကောင်းပြချက်ထက် သူနဲ့မတွေ့ရတော့မှာကို
ပိုကြောက်မိတာကြောင့်.....။"မင်ဆော့......ငါ့ကိုတော့မခေါ်ဘူး "
သူ့နားဝင်ထိုင်လာတဲ့ ဘတ်ဟွန်းက မုန့်ထုပ်ကြီးတစ်
ထုပ်နှင့် ပါးစပ်ကလဲ တကြွပ်ကြွပ်ကို ဝါးလို့ ၊ ဘတ်ဟွန်း
ဆိုသည်က အစားနဲ့ပါးစပ်မပျက်၊"အွန်း......စားဦးပါလား "
မုန့်ထုပ်ထိုးပေးလာတဲ့ ဘတ်ဟွန်းကို သူပြုံးကာခေါင်း
ခါပြလိုက်တော့ နှစ်ခါထပ်မခေါ်တော့ သူ့ဘာသာပင်
ပါးစပ်အပြည့် တကြွပ်ကြွပ်ဝါးနေတော့တယ် ၊
သူလဲစာအုပ်ကိုသာ ပြန်အာရုံစိုက်နေပေမဲ့ မနက်ပိုင်း
အတန်းချိန်သုံးချိန်လုံး အတန်းထဲမှာ မတွေ့ရတဲ့
အတန်းခေါင်းဆောင်အကြောင့် အာရုံထဲ တဝဲလည်
လည်၊ အချိန်ပိုင်းအလုပ်တွေများပြီးဖျားနေလို့လား ဆို
တဲ့အတွေးက ခဏခဏပင်။"ဟိုးမှာ...အတန်းခေါင်းဆောင် "
ဘတ်ဟွန်းရဲ့လက်ညိုးညွှန်ပြရာကို သူချက်ချင်းပဲလှမ်း
ကြည့်လိုက်တော့ အခုမှကျောင်းထဲလာပုံရတဲ့ သူက
ကျွန်တော်တို့ဘက်ကို အကြည့်ရောက်လာကာ လက်
ကိုတချက်ဝှေ့ယမ်းပြကာ ပြုံးပြလိုက်တာမို့..သူ့ကိုကြည့်
နေမိတဲ့ အကြည့်တွေကို ချက်ချင်းလွှဲပစ်လိုက်မိသည်။
YOU ARE READING
UGLY
Fanfictionကျွန်တော့်မျက်နှာပေါ်က အပြုံးတပွင့်ဟာ သူ့ကြောင့် ဖြစ်တည်လာခဲ့သည်။ သူက ကျွန်တော့်အတွက် တန်ဖိုးထားရသူ။ ကျွန်တော်က သူ့အတွက် သာမန်လူ။ Luhan =>Luhan???? Xiumin=>Minseok???? XIUHAN(YAOI❤)