သူ့ထံပါးက ကြားလိုက်ရသည်က စောင့်စားခဲ့သည့်
စကားတို့လား ၊ မကြာခဏ သူပြောတတ်သည့်
အနှောင့်အသွား မလွတ် တတ်သည့်စကားတို့လား
ဝေခွဲမရဖြစ်နေချိန် ကျွန်တော့် လက်နှစ်ဖက်ဟာ
သူ့လက်ဖဝါးတွေကြား နေရာယူနှင့်ခဲ့ပြီ__။သူ့မျက်လုံးတွေက ကျွန်တော့်ဆီကနေ မကြည့်မလွှဲ
ကာ သူက ခပ်ရေးရေးလေး ပြုံးပြနေသည်၊သူ ကျွန်တော့်ကို ဖွင့်ပြောနေတာလား ?
ကျွန်တော် အတည် ယုံကြည်ပေးရတော့မှာလား?
ကျွန်တော် မသိတော့သလို၊ ဘာစကားမှပြောမထွက်
ဘဲ သူ့ကိုသာ ကြည့်နေမိသည်____။"အ ပြင် မှာ စီ နီ ယာ ထယ် အို ရှိ တယ် "
သူ့လက်ဖဝါးတွေကြားက လက်ကလေးနှစ်ဖက်ကို
တော့ ဆွဲထုတ်ရုန်းကန်သွားခြင်းမရှိဘဲ အနောက်
ဘက်ကို မေးငေါ့ပြကာ တိုးတိုးလေး သတိပေးလာ
သည် ။"ရှိပါစေ သွားမတွေ့နဲ့ "
ခေါင်းညိတ်မပေး၊ ခေါင်းခါ မပြပေမဲ့ မင်ဆော့က
ထယ်အိုရှိရာကို ယောင်လို့တောင် သွားမတွေ့ပါ ။
ပြီးတော့မှ လက်နှစ်ဖက်စလုံးကို သူ့လက်ဖဝါးတွေ
ကြားကနေ ပြန်ရုန်းထုတ်ကာ အကြောင်းမဲ့ လည်ကုတ်
တွေကို လက်နဲ့ပွတ်ကာ စကားစ ပြောဖို့ လမ်းကြောင်း
ရှာနေပုံရသည် ။ ပါးနှစ်ဖက် စလုံးက ရှက်နေသည်
ကို နီမြန်းကာ ပြောပြနေသည်။"ကျွန် တော့် ကို လု ဟန် က______ ဟို
ပြောနေတာလား "အပေါက်အလမ်းမတည့် ပြောလာတဲ့စကားလုံးတွေ
ရဲ့အသွားအလာကို လုဟန် နားလည်ပေမဲ့ ချစ်ဖို့
ကောင်းနေတာမို့ အသံထွက်ရယ်မိသည်ကို တားဆီး
ဖို့ ပါးစပ်နားကို လက်သီးဆုပ်နဲ့ ကာ ကာ ပြုံးမိတော့
မင်ဆော့က နားလည်သွားဟန်ပေါ်သည်၊ နီမြန်းသည်
ထက် နီရဲလာတဲ့ ပါးလေးနှစ်ဖက်က သက်သေပြ
သည်၊မင်ဆော့ရဲ့ ရှက်ရွံ့ ကြီးမှုက တော်ရုံမဟုတ်ဘဲ။
လက်ဖဝါး ဖြူဖြူဖွေးဖွေးလေး တွေကို အကြောင်းမဲ့
အချင်းချင်း ပွတ်သပ်နေကာ
![](https://img.wattpad.com/cover/112548858-288-k339598.jpg)
YOU ARE READING
UGLY
Fanfictionကျွန်တော့်မျက်နှာပေါ်က အပြုံးတပွင့်ဟာ သူ့ကြောင့် ဖြစ်တည်လာခဲ့သည်။ သူက ကျွန်တော့်အတွက် တန်ဖိုးထားရသူ။ ကျွန်တော်က သူ့အတွက် သာမန်လူ။ Luhan =>Luhan???? Xiumin=>Minseok???? XIUHAN(YAOI❤)