'ပြန်တော့ အခု "လို့ စိတ်ဆိုးနေသံနှောနေသည့် ဆူ
ဆောင့်ဆောင့်စကားလုံးလေးများသည် နားထဲဝေ့
လည်ယမ်းကာ အခုထိထွက်မသွားသေး ။ ဂင်မင်ဆော့
ဆိုသည်က စိတ်ဆိုးနေသည့်အချိန်မှာတောင်ချစ်စရာ
ကောင်းလွန်းနေသည့်ကောင်လေးမဟုတ်ပါလား ။
အရင်နေ့များဆို အတွေ့မခံ ၊ စကားပြောမခံသည့်
ကောင်လေးကြောင့် ကျွန်တော့်မှာနေမထိထိုင်မသာ
ဖြစ်နေရသည့်ကိစ္စများသည် ဒီနေ့ တစ်ခဏ တွေ့
လိုက်ရသည်နှင့် အရာအားလုံး အဆင်ပြေသွားသည်။
"ခင်ဗျားဘာပဲဖြစ်နေဖြစ်နေ ဂရုမစိုက်တော့ဘူး၊
ခင်ဗျားကိုသဘောမကျတော့ဘူး"ဆိုတဲ့စကားတွေကို
မင်ဆော့က ဘယ်လိုသတ္တိတွေနဲ့ပြောသွားခဲ့သလဲ
မသိပေမဲ့ ကျွန်တော်က နားထောင်ဖို့အင်အားမရှိခဲ့ပါ။
'မင်း မှ မ ဟုတ် ရင် မ ဖြစ် တော့ ဘူး ထင် ပါ ရဲ့ !"
ခပ်တိုးတိုးရေရွတ်ရင် နှစ်နှစ်ခြိုက်ခြိုက်သဘောတကျ
ပြုံးလိုက်မိသည် ။
အိပ်ယာထက်လူးလိမ့်ကာ အတောမသတ်နိုင်သော
အပြုံးတွေ၊ ကျေနပ်မှုတွေနဲ့ ဒီညတော့ အိပ်ပျော်နိုင်
တော့ပါ့မလား ။ မျက်လုံးတွေမှိတ်လိုက်စဉ်ခဏ
မင်ဆော့မျက်နာလေး၊ ဆူဆောင့်ဆောင့်စကားသံ
လေးကိုပြန်ကြားမိရင် အသည်းတယားရှိလှပြန်သည်။
နဘေးမှာ ငြိမ်ငြိမ်သက်သက်ရှိနေသည့် ဖုန်းကို
ယူကာ အရဲစွန့် စာတစောင်ပို့လိုက်တော့သည် ။
"Goodnight မင်ဆော့💕" ဆိုသည့် အသည်းပုံ
လေးပါသည့် စာတစောင်အား သူ ဖတ်ရင်ဖြင့်ပဲကျေ
နပ်ပါပြီ ။ ပြန်စာမလာရင်တောင် ဖတ်ရင်တောင်ကျေ
နပ်လှပါပြီ ။
နဘေးမှာဖုန်းလေးကိုပြန်ချကာ ကြည်နူးမှုအပြည့်နဲ့
ကျေကျေနပ်နပ်ကြီး မျက်လုံးအစုံကိုမှိတ်လိုက်တော့
သည် ။
ဒီညတော့ ကိုယ် စိတ်ချမ်းသာသာနဲ့ အိပ်ရပြီပေါ့။
အိမ်မက်ထဲမှာ အနှီးကောင်လေး ဂင်မင်ဆော့သည်
ကျွန်တော့်အား အသည်းယားစဖွယ်ကောင်းအောင်
ရယ်ပြနေသည်တဲ့ ။
BẠN ĐANG ĐỌC
UGLY
Fanfictionကျွန်တော့်မျက်နှာပေါ်က အပြုံးတပွင့်ဟာ သူ့ကြောင့် ဖြစ်တည်လာခဲ့သည်။ သူက ကျွန်တော့်အတွက် တန်ဖိုးထားရသူ။ ကျွန်တော်က သူ့အတွက် သာမန်လူ။ Luhan =>Luhan???? Xiumin=>Minseok???? XIUHAN(YAOI❤)
