ဒီကျောင်းပိတ်ရက်ရှည်ဟာ ကျွန်တော်အတွက်တော့
မျှော်လင့်တောင်တမိတဲ့ အရာအားလုံးဖြစ်စေခဲ့ဖို့
များလား? နေ့စဉ်တိုင်း လုဟန်နဲ့ဖုန်းပြောဖြစ်ခဲ့သည်။လှောင်အိမ်မှာ ပိတ်မိနေတော့မည့် ငှက်ကလေး
တကောင်ဖြစ်လာတော့မယ်ဆိုတာ မထင်ခဲ့မိပါ။ပိတ်ရက်ရှည်မှာ ဘတ်ဟွန်းနဲ့ပင်အဆက်အသွယ်
မရှိသည့်အထိ လုဟန်အပေါ်ကိုသာ အာရုံစိုက်နေမိ
ခဲ့သည်၊ တခါတလေပင်တော့ ဂျုံဒယ်နဲ့ ဂျောင်းဆူးဆီ
ကဖုန်းအဆက်အသွယ်ရသည်၊ ကျောင်းပြောင်းခဲ့
သည့်နောက်ပိုင်း အပေါင်းအသင်း အနည်းအကျဉ်း
တော့ဝင်ဆံ့လာသည်လို့ဆိုရမည်၊"မနက်ဖြန် အိမ်ပြန်မလို့ "
လုဟန်ဆီက "အိမ် "ဆိုသည့်စကားလုံး တစ်လုံးကြား
ရစဉ်က အတော်ပင် အံ့သြသင့်ခဲ့ရသည်၊ ပိတ်ရက်
ရှည်မှာတောင် အိမ်ကိုမပြန်ဘဲ အချိန်ပိုင်းအလုပ်တွေ
နဲ့ရှုပ်နေသူ သူ့အတွက် မိသားစုဆိုသည်က သူ့အတွက်
အရေးမပါဘူးလားတောင် ထင်မိခဲ့သည်။"ဒီလိုပါပဲ အိမ်ကိုတော့ ပြန်သင့်တယ်မလား
ကိုယ့်မာမီနဲ့လဲ တွေ့ချင်တာလဲပါ ပါတယ် "ထိုညက လုဟန် သူ့မိသားစုအကြောင်း တစွန်းတစ
ပြောပြခဲ့သည်၊ အဓိကကတော့ "ကိုယ်နဲ့ ဒယ်ဒီနဲ့က
သိပ်အဆင်မပြေဘူး "ဆိုတဲ့ စကားပါပဲ ၊
ပိတ်ရက်မှာ အိမ်မပြန်ဖစ်တဲ့အကြောင်းရင်းက လုဟန်
ရဲ့ဒယ်ဒီနဲ့ သက်ဆိုင်နေပါလိမ့်မယ်။ထိုညက လုဟန်နဲ့စကားပြောဖြစ်ခဲ့ပေမဲ့ နောက်ဆုံး
ပါပဲ ။ သူ့အိမ်ကို ပြန်သွားပြီဆိုတဲ့ စကားနောက်ပိုင်း
လုဟန်နဲ့ဖုန်းမပြောဖြစ်တော့ပါ ၊လွမ်းနေရပေမဲ့ ကျေနပ်စေသည့် အကြောင်းအရာ
တွေကြောင့် ပျော်မိသည်။"U G L Y"
♥မုသား ♥ဝမ်းနည်းဖို့ကောင်းတာက ကိုယ့်ကို သတိရတောင်
မရတဲ့လူတယောက်ကို ကိုယ်ကသေလောက်အောင်
လွမ်းနေခြင်းပါပဲ ♡
![](https://img.wattpad.com/cover/112548858-288-k339598.jpg)
DU LIEST GERADE
UGLY
Fanfictionကျွန်တော့်မျက်နှာပေါ်က အပြုံးတပွင့်ဟာ သူ့ကြောင့် ဖြစ်တည်လာခဲ့သည်။ သူက ကျွန်တော့်အတွက် တန်ဖိုးထားရသူ။ ကျွန်တော်က သူ့အတွက် သာမန်လူ။ Luhan =>Luhan???? Xiumin=>Minseok???? XIUHAN(YAOI❤)