"ကျွန်တော့်ကိုသနားမနေပါနဲ့"သူ့ကိုကျောပေးကာ ပြန်အိပ်ဖို့်ကြိုးစားနေတဲ့ကောင်
လေးက တကယ်တော့ ကျောပြင်တခုလုံးတသိမ့်သိမ့်
တုန်ခါနေသည်က ငိုနေခဲ့တာ။ အသံမထွက်အောင်
ကြိတ်မှိတ်ငိုတာ ။"ဘယ်ချိန်ထိ တယောက်ထဲကြိတ်မှိတ်ငိုနေဦးမှာလဲ
ကိုယ့်အနားမှာရှိနေရုံနဲ့ လုံလောက်တယ်လို့သတ်မှတ်
နေတုန်းလား "တသိမ့်သိမ့်တုန်နေတဲ့ကျောပြင်ကိုကြည့်ကာ လုဟန်
သက်ပြင်းချမိသည်။ဒီလိုသာဆက်ငိုနေဦးမယ်ဆိုရင်
အဖျားကျတော့ ဘယ်တော့မှကျတော့မှာမဟုတ်ဘူး။"မင်ဆော့__ဘယ်ချိန်ထိဒီလိုလုပ်နေဦးမှာလဲ"
"ဒီလိုလုပ်မနေတော့ ___ကျွန်တော်ဘယ်လိုလုပ်ရ
မှာလဲ __ကင်ဟဲနာလက်ထဲကနေ ခင်ဗျားကိုဆွဲ
ထုတ်ရမှာလား___ ချစ်ပါတယ်ပြောပြီး ကျွန်တော့်
ကိုမချစ်တဲ့ခင်ဗျားကိုဖမ်းဆွဲထားရမှာလား ____
ကျွန်တော့်ခံစားချက်တွေကိုနားလည်လို့လား __
ဟင့်အင်း လုဟန် ဘယ်တုန်းကမှ ကျွန်တော့်ဘက်က
နေစဉ်းစားမပေးခဲ့ဘူး နားလည်မပေးခဲ့ဘူး ___
အခွင့်အရေးတောင်မရှိတဲ့သူက ဘယ်လိုလုပ်ရှေ့
ဆက်တိုးရမလဲ ___ ငိုနေရုံအပြင် ဘာလုပ်နိုင်သေး
လို့လဲ ___"ကျွန်တော့်ကိုကျောပေးအိပ်နေရာကနေ ဆတ်ခနဲထ
ထိုင်လာကာ မင်ဆော့ဆီက တရစပ်စကားတွေက
မျက်ရည်တွေနဲ့အတူပွင့်အလာခဲ့သည်။ ရှေ့တင်မှာ
တအင့်အင့်နဲ့ ငိုနေတဲ့ကောင်လေးကို လုဟန် ဖက်
ထားလိုက်မိသည်။"မငိုနဲ့တော့ __မင်းဘေးမှာကိုယ်ရှိနေပေးမယ်
မင်းခံစားချက်တွေကိုနားထောင်ပေးမယ်__
ရှေ့လျှောက် ကိုယ့်ကြောင့်နဲ့မငိုစေရတော့ပါဘူး"ဘယ်လိုသဘောတွေနဲ့ လုဟန်ဆီက ဒီစကားတွေ
ထွက်ကျလာသလဲဆိုတာတော့ မင်ဆော့ သဘော
မပေါက်သေးပေမဲ့ လုဟန်ရဲ့ရင်ခွင်ထဲကိုပဲတိုးဝှေ့
ကာငိုကြွေးနေမိသည်။
YOU ARE READING
UGLY
Fanfictionကျွန်တော့်မျက်နှာပေါ်က အပြုံးတပွင့်ဟာ သူ့ကြောင့် ဖြစ်တည်လာခဲ့သည်။ သူက ကျွန်တော့်အတွက် တန်ဖိုးထားရသူ။ ကျွန်တော်က သူ့အတွက် သာမန်လူ။ Luhan =>Luhan???? Xiumin=>Minseok???? XIUHAN(YAOI❤)