ဖြေရှင်းလို့်ရမည်ထင်ထားသော ကိစ္စကြီးဟာ ရုတ်တရတ်ကြီး ကိုယ်ရှေ့တင်ရောက်ချလာခဲ့တာ
ကြောင့် လုဟန်သေချင်လောက်အောင်စိတ်ညစ်သွား
ရသည် ။ ဗြုန်းစားကြီး ဝတ်စုံသွားရွေးတော့လို့ပြော
လာတာကြောင့် ဟာယွန်းနှင့်သူ ခေါင်းနပန်းကြီးသွား
ရသည် ။
ဒယ်ဒီကလဲ အလျော့မပေးသည့် ခပ်တင်းတင်းမျက်နှာ
ကြောင့် ဟာယွန်းလဲ ဝင်မပြောရဲ ။ ခေါင်းငုံ့ကာဒယ်ဒီ
စဉ်းစားသမျှနားခံနေရသည် ။ မျက်စပစ်ပြကာ တခုခု
ဝင်ပြောဦးလေလို့ သတိပေးနေပေမဲ့ ဟာယွန်းကမျက်
နှာကြီးရှုံ့ မဲ့ကာခေါင်းခါပြသည် ။
မဖြစ်တော့ဘူး ၊ ဟာယွန်းနဲ့သူဘယ်နည်းနဲ့မှလက်မ
ထပ်နိုင်ပါ။ ချစ်ရတဲ့သူကိုလဲ မပစ်ထားရက်နိုင်ပါ ။
မနာကျင်စေချင်ပါ ။
"ကျွန်တော် ကန့်ကွက်ပါရစေ ဒယ်ဒီ
ကျွန်တော်နဲ့ဟာယွန်းက သူငယ်ချင်းတွေပါ"
ခေါင်းငုံ့ငြိမ်နေတဲ့ ဟာယွန်းက ဖြေးဖြေးချင်းမော့ကြည့်
လာသည် ။ နှစ်ဖက်မိဘတွေ စီစဉ်ပြီးသွားတဲ့ကိစ္စ
ကြီးကြောင့်ဟာယွန်းလဲ သူ့အိမ်ကိုကြောက်နေရသည်။
အဲ့ဒါကြောင့်သူမဝင်ပြောရဲတော့ ၊
"မိဘကောင်းအောင်စီစဉ်ပေးထားပါ
မဖျက်စီးစမ်းနဲ့ ဟေ့ကောင် "
ဒယ်ဒီရဲ့ ကြမ်းသံကြီးကြောင့် နူတ်ခမ်းကိုဖိကိုက်ကာ
ခေါင်းငုံ့သွားပြန်တဲ့ဟာယွန်း။ တစ်စက်ကလေးအသံ
တောင်ထွက်မလာတဲ့ဟာယွန်းကိုလုဟန်ကြိတ်ကာစိတ်
တိုနေရသည် ၊ ဒယ်ဒီနဲ့မာမီကလဲ သူတို့စိတ်ကြိုက်
သာစီစဉ်နေကြသည် ။
"အေး နင်အသံမထွက်လာနဲ့သိလား
အခုတော့ပြသာနာကတက်ပြီ"
"ငါ___ ငါလဲ ကြောက်တာပေါ့"
ကြောက်တာပေါ့ ဆိုတဲ့ဟာယွန်းစကားကြောင့်လုဟန်
မျက်နှာရှုံ့ မဲ့ပြလိုက်သည် ။ အရင်ကဆို ဒယ်ဒီ ဒယ်ဒီ
နဲ့အနားကပ်ပြီးသွားသွားချွဲနေပြီးတော့များ ။
ESTÁS LEYENDO
UGLY
Fanfictionကျွန်တော့်မျက်နှာပေါ်က အပြုံးတပွင့်ဟာ သူ့ကြောင့် ဖြစ်တည်လာခဲ့သည်။ သူက ကျွန်တော့်အတွက် တန်ဖိုးထားရသူ။ ကျွန်တော်က သူ့အတွက် သာမန်လူ။ Luhan =>Luhan???? Xiumin=>Minseok???? XIUHAN(YAOI❤)
