ချိုမြိန်​​သော_အလိ​မ်​ညာ

3.1K 337 14
                                        

"တစ်​​ယောက်​ထဲ ပစ်​မထားခဲ့ပါနဲ့"ဆိုတဲ့စကားတစ်​ခွန်
က ကျွန်​​တော့်​အတွက်​​တော့ အဓိပ္ပါယ်​​တွေများစွာနဲ့
ဘောင်​ခတ်​ထား​ပေမဲ့ လုဟန်​အတွက်​​တော့ရိုးရှင်း
နေသလားမသိနိုင်​​ချေ။

"အင်းပါ အင်းပါ မထားပါဘူး
မငိုနဲ့​နော်​  ​နောက်​ဆိုမထားခဲ့​တော့ပါဘူး "

သူဟာ တာဝန်​မယူနိုင်​တဲ့စကားလုံး​တွေကိုသာ
ရွေးချယ်​​ပြောတတ်​​သေးသည်​။ သူ့စိတ်​ကိုအတပ်
သိသူမို့ သူ့စကားလုံး​တွေမှာ ရင်​ခုန်​မတတ်​လာ
စေဖို့ အချိန်​ကာလ​တော်​​တော်​​လေး ​ပြောပြ​နေပါပြီ။
ဘယ်​တုန်းကများ သူကသူ့စကားနဲ့အညီ ၊သူ့ကတိ
တွေအတိုင်း လုပ်​ခဲ့ဖူးလို့လဲ?

"အိမ်​ပြန်​သွားတာလာ?"

မသိ​ကျေးကျွန်​ပြုကာ ​မေး​နေမိ​ပေမဲ့ အနည်းငယ်
မျှအင်​တင်​တင်​ဖြစ်​​နေတဲ့လုဟန်​ပုံစံ​ကြောင့်
မင်​​ဆော့ရင်​ထိတ်​မိသည်​။ လိမ်​လိုက်​ပါ 'ဟုတ်​တယ်
အိမ်​ပြန်​သွားတာလို့' ။လိမ်​​ပြော​ပေးပါ လုဟန်​။
အမှန်​တရားကြီးကခါးသက်​လွန်းလို့ပါ။ ဟဲနာနဲ့
အတူမရှိ​နေဘူးလို့ ကျွန်​​တော်​ယုံ​အောင်​လိမ်​​ပြော
ပေးပါ၊ အမှန်​တရားဆီက တခါ​လောက်​ထွက်​​ပြေး
ချင်​မိလို့ပါ လုဟန်​။

"​သြော်​ ကိုယ်​ အိမ်​ပြန်​မလို့လုပ်​​......."

"အာ အိမ်​ပြန်​သွားတာလား ​အဆင်​​ပြေရဲ့လား
လုဟန်​အ​ဖေနဲ့လဲအဆင်​​ပြေလာရဲ့လား "

သူဆက်​​ပြောမဲ့စကား​တွေကိုပိတ်​ကာ ​ပြောပစ်
လိုက်​​တော့ လုဟန်​က အံ့သြသွားသလိုရှိ​ပေမဲ့
သူ ကျွန်​​တော်​ ​မျှော်​မှန်းထားမိတဲ့အတိုင်းလိမ်
ပြော​ပေးခဲ့တယ်​။

"ဟုတ်​ ဟုတ်​တယ်​ ​ပြေပါတယ်
ကိုယ်​အဆင်​​ပြေတယ်​ ​နောက်​ဆို
မငိုနဲ့​တော့​နော်​ "

သူနဲ့ကျွန်​​တော်​ရဲ့အ​နေအထားဟာချစ်​သူရည်းစား
ဘဝမတင်​မကျရယ်​ပါ။ ကျွန်​​တော်​သည်​လည်းဒီ
အခိုက်​အတန့်​​လေးကိုမှရူး​လောက်​​အောက်​​ကျေ
နပ်​​နေမိ​တော့လဲ ခက်​သား။

UGLYDonde viven las historias. Descúbrelo ahora