ဖြူစင်​ခြင်း_အချစ်

3.1K 349 18
                                        


"ကိုယ်​​တွေအရမ်းပူ​နေတယ်​ မဖြစ်​ဘူး မင်း​ကျောင်း
သွားလို့မဖြစ်​ဘူး မင်​​ဆော့ "

မျက်​လုံး​တွေ​ဖောင်းအစ်​ကာ မျက်​နှာတခုလုံးနီရဲ​နေတဲ့
မင်​​ဆော့ရဲ့မသက်​မသာမျက်​နှာကို ကြည့်​ရပြီး
ဘတ်​ဟွန်း မင်​​ဆော့ကိုပဲ​ဒေါသထွက်​မိသည်​။

"ရင်​ဖွင့်​စရာရှိလဲငါ့ကိုဖွင့်​ပါလား ဟမ်​ !တ​ယောက်​ထဲ
ကြိတ်​ငိုရတယ်​လို့ ဂင်​မင်​​ဆော့ မင်းကငါရှိတယ်​လို့
တောင်​မထင်​​တော့ဘူးလား ဟမ်​_လို့!"

ပြော​နေရင်း​ဒေါသသံ​ရောစွက်​လာကာ မျက်​နှာခပ်​တင်း
တင်းဖြစ်​လာတဲ့ဘတ်​ဟွန်းကို မင်​​ဆော့ဘာမှ​ဖြေရှင်း
ချက်​​ပေးဖို့မကြိုးစား​တော့ပါ။ ​ခေါင်းကိုသာငုံ့ထားမိ
သည်​။ ဘတ်​ဟွန်း မမြင်​နိုင်​တဲ့မျက်​ရည်​​တွေကို ငိုချ
ခွင့်​ပြုထားသည်​။

"မင်းအိမ်​ကိုဖုန်းဆက်​ရမယ်​ လာ​ခေါ်ခိုင်းသင့်​​ခေါ်
ရ​အောင်​ အခုပဲ"

ဖုန်းဆက်​ကိုကြိုးစား​နေတဲ့ ဘတ်​ဟွန်းလက်​ကိုဖမ်းဆွဲ
ကာ​ခေါင်းကိုခါပြကာ မဆက်​ဖို့အသည်းအသန်​​တောင်း
ဆို​နေမိသည်​။

"မင်းကွာ.! မင်းဖျားလိုက်​တိုင်း နှစ်​ရက်​ဆက်​တိုက်
အပူကျတာမဟုတ်​ဘူး အဖျားကြီးတတ်​တဲ့သူ​လေ
အခုထဲက မင်းအိမ်​ကိုအသိ​ပေးထားမှ ငါ​ပြောတာ
နား​ထောင်​ မင်​​ဆော့ "

"ရ ရတယ်​ဆို ငါ ငါ့ဘာသာအဖျား​ကျ​သွား​အောင်
လုပ်​တတ်​တယ်​ ​ကျေး ​ကျေးဇူးပြုပြီး မဆက်​ပါနဲ့"

ဘတ်​ဟွန်းက​တော့ မနိုင်​​တော့တဲ့ပုံစံနဲ့ ​ခေါင်းကိုခါ
ရမ်းကာ ဖုန်းကိုကုတင်​​ပေါ်ကို ပစ်​တင်​လိုက်​သည်​။
နီရဲ​နေတဲ့မင်​​ဆော့မျက်​နှာ​လေးကို စိတ်​ပူစွာကြည့်
ကာ သက်​ပြင်းချမိသည်​။

ခေါင်းမာလိုက်​တာ မင်​​ဆော့ရယ်​ ။

"အဲ့တာဆိုလဲ မင်း​ဘေးနားမှာ​နေ​ပေးမယ်​ အခု​တော့
ဆေးသွားဝယ်​လိုက်​ဦးမယ်​ "

ဒါကို​တောင်​ ဂင်​မင်​​ဆော့က ​သူ့ကို​ကျောင်းတက်​​စေ
ချင်​​နေ​သေးတာ။ သူ့ကိုတ​ယောက်​ထဲ ပစ်​ထားခဲ့လို့
မှမရတာကို။ ကိုယ့်​အတွက်​ကိုကျ စိတ်​မပူတတ်​ပဲ
သူများအတွက်​​တွေးတတ်​လွန်းတဲ့ မင်​​ဆော့။

UGLYNơi câu chuyện tồn tại. Hãy khám phá bây giờ