စာကြည့်စားပွဲမှာ ထိုင်ပြီး စာကြည့်ဖို့်ကြိုးစားကြည့်
ပေမဲ့ မနာတတ်တဲ့စိတ်တွေနဲ့. မုန်းဖို့ကောင်းတဲ့
မျက်ရည်တွေက ကျနေပြန်ပြီ။သူဆိုတဲ့လူဟာ အနားမှာ ဖြတ်တိုက်သွားတဲ့လေ
လိုပါပဲ ။ ခေတ္တခဏ အတွင်း ပျောက်ကွယ်သွား
ခဲ့တယ်။သူ့ကြင်နာမှုတွေ၊ ဂရုစိုက်မှုတွေကို ယုံကြည်ခဲ့မိသည်။
ပျော်ရွှင်ခဲ့မိသည် ။သူ ဘယ်လောက်များ ဟားတိုက်ရယ်မောခဲ့လိုက်
မလဲ ။ ချစ်တယ် ဆိုတဲ့ အတုအယောင်စကားတွေ
ကြား ပျော်နေမိတဲ့ ကျွန်တော့်ကို သူ ဘယ်လောက်
များ လှောင်ရယ်နေခဲ့လိုက်မလဲ။သူ ဖွင့်ပြောခဲ့တုန်းက အရူးလိုမျိုး မစဉ်းစားမတွေး
တောဘဲ လက်ခံခဲ့မိတဲ့ ကျွန်တော်ကိုယ်တိုင်က
အပြစ်ရှိသူလား။သူ့အကြောင်းတွေးလိုက်တာနဲ့တင် အမှတ်မရှိတဲ့
မျက်ရည်တွေက တလိမ့်လိမ့်နဲ့ အတောမသတ်နိုင်
အောင်ကျလာပြန်သည် ။ သူက ဘာမို့လဲ ?ဟမ်
ဘာလို့လဲ ဘာလို့ မင်းက သူမှမဟုတ်ရင် မဖြစ်ရ
တာလဲ ? ဘာလို့လဲကွာ _?ဟင့်အင်း ကျွန်တော် မသိဘူး၊ ဒါပေမဲ့ သူမှ မဟုတ်ရင်
မဖြစ်ဘူးဆိုတာတော့ သိတယ်။ ဒါပေမဲ့ စွန့်လွှတ်
လိုက်မယ် ။ ထပ်ပြီး မစွန့်စားတော့ဘူး ။"သူမှ မဟုတ်ရင် မဖြစ်ပေမဲ့
ကိုယ့်ကို မချစ်တဲ့သူ့ကို
စွန့်လွှတ်လိုက်တော့မယ်။ "ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချကာ ပါးနှစ်ဖက်ပေါ်က
မျက်ရည်တွေကို လက်ဖဝါးတွေနဲ့ ကြမ်းကြမ်းတမ်း
တမ်းပင် ဆွဲသုတ်ပစ်လိုက်သည် ။အချစ်ရတဲ့သူနဲ့ မေ့ပစ်ရမဲ့သူက တယောက်တည်း
ပါလား ဆိုတဲ့အသိနဲ့ အမှတ်မရှိတဲ့ နှလုံးသားက
ပြင်းပြင်းထန်ထန် နာကျင်လာပြန်သည် ။တကယ်တော့ ခင်ဗျားကလေ ကျွန်တော် ချစ်ဖို့
မဟုတ်ဘူး !
YOU ARE READING
UGLY
Fanfictionကျွန်တော့်မျက်နှာပေါ်က အပြုံးတပွင့်ဟာ သူ့ကြောင့် ဖြစ်တည်လာခဲ့သည်။ သူက ကျွန်တော့်အတွက် တန်ဖိုးထားရသူ။ ကျွန်တော်က သူ့အတွက် သာမန်လူ။ Luhan =>Luhan???? Xiumin=>Minseok???? XIUHAN(YAOI❤)