စာအုပ်ဆိုင် လေးကိုလှည့်ပတ်ကြည့်ရင်း သဘောကျ
ပြီးရင်ကျ ဖြစ်နေတဲ့ မင်ဆော့ ကို လုဟန် ငေးကြည့်
ဖြစ်သည်။ ခြေဖျားလေးထောက်ကာ ထောက်ကာနှင့်
စင်ပေါ်က စာအုပ်တွေစီနေပုံလေးက အသဲယားစရာ
ကောင်းနေသည်။စာအုပ်တွေကိုလှန်လှောကြည့်လိုက် စီလိုက်နှင့်
အလုပ်ရှုပ်နေတတ်တဲ့ မင်ဆော့ကိုကြည့်နေရင်း
သူ ပင်ပန်းလာသလိုလိုပင်။"ဒီစာအုပ်ဆိုင်လေးက ချစ်စရာကောင်းတယ်နော်
လုဟန်က မိုက်လိုက်တာ ပိတ်ရက်မှာ ဒီမှာအလုပ်
လုပ်ရတယ် "ပိတ်ရက်မှာ အချိန်ပိုင်းအလုပ်ရယ်လို့ ဗန်းပြပြော
ပေမဲ့ စာအုပ်ဆိုင်အနောက်ဘက်က အခန်းထဲမှာ
အိပ်နေတတ်တာ သူလေးမှမသိတာ။ ဒီနေ့မှ ဝန်ထမ်း
တွေကို အနားပေးပြီး ဆိုင်ထိုင်နေရသည့်အဖြစ်က
ပျင်းရိစရာဖစ်နေပေမဲ့ မင်ဆော့နဲ့အတူ ရှိနေရသည်က
ကျေနပ်စရာတော့ကောင်းသည်။"ဗိုက်မဆာဘူးလား တခုခုမှာစားမလား"
"ဟမ် မဖြစ်ပါဘူး သူဌေးဆူမှဖြင့် "
အဲ့သူဌေးက ဘယ်လောက်သဘောကောင်းကြောင်း
ုပြချင်သည်။ တစ်စက်ကလေးမှငြိမ်ငြိမ်မနေဘဲ
စင်ပေါ်က စာအုပ်တွေကိုစီလိုက် ၊ရောင်းလိုက်နှင့်
သူ့အပြုံးတွေကို သဘောကောင်းစွာ ဝေငှနေသည်။
မိန်းကလေးတွေများ စာအုပ်ဆိုင်ထဲရောက်လာလျှင်
လုဟန် ဟိုနားမှာ ရှုပ်ပွနေတဲ့စာအုပ်တွေသွားစီပေး
ပါလားဆိုပြီး ပလွှတ်တတ်သည်။ မိန်းကလေးတွေရဲ့
မျက်လုံးက ကျွန်တော့်ဆီရောက်နေတတ်တာကို
ူသဘောကျပုံမရ။ သဝန်တိုတတ်တဲ့ကောင်လေးဆို
လဲမှန်လိမ့်မည်။"ဟယ် _မင်ဆော့လေးမလား မ ကို မှတ်မိလား
ဂျီဆူလေ ဒီမှာ မင်ဆော့လေးက အလုပ်လုပ်နေ
တာလား ဒီလိုမှန်းသိရင် နေ့တိုင်းလာပါတယ် "
YOU ARE READING
UGLY
Fanfictionကျွန်တော့်မျက်နှာပေါ်က အပြုံးတပွင့်ဟာ သူ့ကြောင့် ဖြစ်တည်လာခဲ့သည်။ သူက ကျွန်တော့်အတွက် တန်ဖိုးထားရသူ။ ကျွန်တော်က သူ့အတွက် သာမန်လူ။ Luhan =>Luhan???? Xiumin=>Minseok???? XIUHAN(YAOI❤)