ခဏမျှ​ပျော်​ရွှင်​ခြင်း

3.1K 352 7
                                        

'ကင်​ဟဲနာ ´

သူမရဲ့တစ်​ဝက်​​လောက်​သာ ကျွန်​​တော့်​ကိုဂရုစို​က်
ပေးခဲ့မယ်​ဆိုရင်​..............!

သေချာ​ပေါက်​ ​လောဘ​တွေတက်​လာမိမယ်​ထင်​တယ်​၊

"ကိုယ်​က မင်​​ဆော့ကိုမျက်​မှန်​ချွတ်​ထား​စေ
ချင်​တာ.....စဉ်းစားလို့ကိုမရဘူး ဒီ​လောက်​လှတဲ့
မျက်​လုံး​လေး​တွေကို ဘာလို့များဖွက်​ထားချင်​ရ
တာလဲဆိုတာ....?"

ဂျောင်​ဆူးက ​ခေါင်းတညိတ်​ညိတ်​နဲ့​ထောက်​ခံ​နေသည်​၊
အတန်း​ခေါင်း​ဆောင်​ရဲ့ စကားက မှန်​တယ်​လို့
လက်​မ​ထောင်​​ထောက်​ခံ​နေသူ နှစ်​​ယောက်​ ဂျုံဒယ်​နဲ့
ဂျုံအင်​၊ ​ဘတ်​ဟွန်းက​တော့ အတန်း​ခေါင်း​ဆောင်​ကို
တလှည့်​ ကျွန်​​တော့်​ကိုတလှည့်​ကြည့်​ကာ အကဲခတ်
နေသည်​။

"ကျွန်​​တော်​​တောင်​ မင်​​ဆော့မျက်​လုံး​တွေလှမှန်း
မသိတာ.....အတန်း​ခေါင်း​ဆောင်​ကဘယ်​လိုလုပ်​"

သူ့ဆီက ပြန်​ကြားလာရမဲ့အ​ဖြေကို ကျွန်​​တော်
မျှော်​လင့်​တကြီး ​စောင့်​ဆိုင်း​နေမိသည်​၊

"သိတာ​ပေါ့.....အလိုလို​နေရင်းကို
သိ​နေတာ....ဘယ်​​လောက်​ပဲဖွက်​ထားထား"

အ​နှောင့်​အသွားမလွတ်​တဲ့ သူ့စကား​တွေမှာ
ကျွန်​​တော်​ဟာ တိမ်​ညွှတ်​သွားမိပြန်​​ရော်​♡

သူ့အလွန်​မဟုတ်​ပါဘူး သူဘာလုပ်​လုပ်​ ခံစား
မူလွန်​ကဲလွန်​တဲ့ ကျွန်​​တော့်​အပြစ်​​တွေပါ♡

"မင်းဘယ်​တုန်းက ​ရှေးဂရိအယူအဆကို
လုပ်​လိုက်​တာလဲ ? အတန်း​ခေါင်း​ဆောင်​ကို
ပန်းသီးနဲ့ပစ်​​ပေါက်​ ဖြား​ယောင်းလိုက်​တယ်​​ပေါ့"

အနားကပ်​ကာ တိုးတိုး​လေးလာ​ပြော​နေတဲ့ဘတ်​ဟွန်း
ကို တံ​တောင်​နဲ့တွန်းပစ်​ကာ အံကြိတ်​ပြလိုက်​သည်​၊

"ကဲ.....ဘယ်​လိုလဲ? မျက်​မှန်​ဝိုင်း​လေး
ချွတ်​သင့်​ပြီ​နော်​...ဟုတ်​တယ်​​နော်​."

ရှေ့ဆုံးက​နေတက်​ကြွ​နေတဲ့သူ ၊ ​နောက်​က​နေ
အော်​ဟစ်​​နေသူ​တွေက ဂျုံအင်​တို့တသိုက်​ ၊
နဲနဲ​ကြောက်​မိတယ်​၊ တွန့်​ဆုတ်​မိတယ်​ ၊ ရုပ်​ဆိုး
လွန်းလို့အနိုင်​ကျင့်​ခံခဲ့ရတဲ့ ကျွန်​​တော့်​ဆီမှာ
သိပ်​လှတဲ့မျက်​လုံး​တွေရှိ​နေတယ်​ဆိုတာဖြစ်​နိုင်
ပါ့မလား ၊ သူတို့စိတ်​ပျက်​သွားခဲ့ရင်​.......?

UGLYDonde viven las historias. Descúbrelo ahora