"မ လှ ပ သော လမ်း ခွဲ ခြင်း "
X i u H an
____________________________U g l y
"မာမီကလဲ ဘာကိစ္စ သူ့ကို အမေရိက ကနေပြန်
ခေါ်ရတာလဲ သူလဲ သားနဲ့ လက်ထပ်ချင်မှာမဟုတ်
ဘူးလေ _____________ဘယ်ချိန်ထိ ဒယ်ဒီက သားရဲ့ကိစ္စတွေကို လိုက်
ချုပ်ချယ်နေဦးမှာလဲ ____________သား ဒယ်ဒီ့စိတ်ကြိုက် ဒီမှာထိ လာနေပြီးနေပြီပဲ "
တခုခုဆို လက်ထပ်ဖို့ ချည်း အမိန့်ပေးနေတတ်တဲ့
ဒယ်ဒီနဲ့ ဝေးကာ လာနေခဲ့ပေမဲ့ ချုပ်ချယ်နေတုန်း ။
အရင်တုန်းက မှားခဲ့တာတွေ ရှိပေမဲ့ လက်ရှိမှာ
ကောင်းကောင်းနေနေခဲ့ပြီမဟုတ်လား ။ စိတ်ချရ
အောင် လက်ထပ်ဖို့ချည်း စီစဉ်နေခဲ့ ဒယ်ဒီ နားလည်
အောင် ဘယ်လိုလက်တွေ့ပြရပါ့မလဲ ။"ငါက မင်းကောင်းစားဖို့ အားလုံးစီစဉ်နေတာ "ဆို
တဲ့ ဒယ်ဒီ အသံနက်နက်ကြီး ကြားအပြီးမှာ ဖုန်းချ
ပစ်လိုက်သည်။ကျွန်တော် ကောင်းစားဖို့မှ မဟုတ်တာ ဒယ်ဒီ့လုပ်ငန်း
တွေ အောင်မြင်ဖို့ပဲ မလုပ်လား ။ ဟာယွန်း နဲ့သာ
လက်ထပ်လိုက်ရင် ကုမ္ပဏီအတွက် အကျိုးအမြတ်
ဆိုတာကြီးကို ဒယ်ဒီ့ ရလိုက်နိုင်ပြီ မဟုတ်လား ။မင်း ကောင်းစားဖို့ ဆိုတာ ချည်း ထည့်မသုံးစမ်း
ပါနဲ့ဗျာ ____________။
စကားလှတာပဲ အဖတ်တင်တာ လက်တွေ့က
သားသမီးကို ရောင်းစားနေတာပဲ မဟုတ်လား။
အစ်မ တုန်းကတော့ ကုမ္ပဏီအတွက်ပဲ စဉ်းစားပြီး
သူ သဘောကျလား၊ မကျလား တောင်မမေးဘဲ
လက်ထပ်ခိုင်းခဲ့ပြီးပြီ မဟုတ်လား ________။သူမေးခွန်းထုတ်မိပါရဲ့_______
အဖြေပြန်မရဘဲ မျက်နှာပေါ်မှာ အညိုအမဲစွဲ
သွားခဲ့တာပဲ ပြန်ရခဲ့တယ် __________။
ဒယ်ဒီဆိုသူက ထိုသို့သူ_______။
YOU ARE READING
UGLY
Fanfictionကျွန်တော့်မျက်နှာပေါ်က အပြုံးတပွင့်ဟာ သူ့ကြောင့် ဖြစ်တည်လာခဲ့သည်။ သူက ကျွန်တော့်အတွက် တန်ဖိုးထားရသူ။ ကျွန်တော်က သူ့အတွက် သာမန်လူ။ Luhan =>Luhan???? Xiumin=>Minseok???? XIUHAN(YAOI❤)