"ကိုယ့်အဖွဲ့နဲ့ကိုယ် သွားကြနော် "
ဆရာက ကိုယ့်အဖွဲ့နဲ့ကိုယ်သွား ဆိုတာကြောင့်
မင်ဆော့ တယောက် လုဟန်ကိုပဲ မျက်စိတောင်
မှောက်လိုက်ရှာနေမိသည်။ တောင် တက်ရမှာမို့
နဲနဲတော့ ကြောက်သည်။ တခါမှလဲ မတက်ဖူးတော့
ပိုဆိုးသည်။ တောင်ပေါ်တက်တဲ့ လမ်းက ကြမ်း
လေသလား၊ဆိုးလေသလား သူမသိတာမို့ လုဟန်
ကိုသာအားကိုးတကြီးလိုက်ရှာနေတော့သည်။ကင်မရာတစ်လက်ကိုင်ကာ ရူခင်းတွေ၊ကျောင်သား
တွေကို ပုံစံအမျိုးမျိုး၊ရူ့ထောင့်အမျိုးမျိုးကနေ မှတ်တမ်း
ယူနေသည်မှာ စီနီယာထယ်အိုနဲ့ နှစ်စဉ်နှစ်တိုင်း
အလုပ်တစ်ခုဖြစ်သည်။ ကင်မရာကို ကိုင်ကာ ခပ်
လှမ်းလှမ်းက လွယ်အိတ်ကလေးကိုကျောပိုးကာ
ဂနာမငြိမ်ဖြစ်နေတဲ့ ကောင်လေးသေးသေးလေးဆီ
ကို အကြည့်ရောက်သွားကာ ပြုံးလိုက်သည်။နူတ်ခမ်းလေးဆူကာ ခေါင်းကိုဘယ်ညာရမ်းလို့
တယောက်ယောက်ကို ရှာနေရင်း အလိုမကျဖြစ်နေ
တဲ့မျက်နှာလေးက အသည်းယားစရာကောင်းပါဘိ
မင်ဆော့ရာ ။"ဟေး____ဓာက်ပုံရိုက်လို့ရမလား "
ကျောင်းသားတိုင်းကို ခွင့်တောင်းမနေဘဲ တဖြတ်ဖြတ်
နဲ့လျှောက်ရိုက်နေသူက မင်ဆော့ကိုတော့ ခွင့်တောင်း
ယူမိသည်။ အင်တင်တင်မျက်နှာဘေးလေးနဲ့
မျက်လုံးတွေကို ဟိုပို့ဒီပို့ကာ လက်ညိုးလေးတထိုးထိုး
နှင့်လုပ်နေသည်။"အဲ့ဒါက ___ရမယ်လို့တော့ ထင်တယ် "
လုဟန်တွေ့ရင် ဒီအခြေအနေကိုသဘောမကျမှာသိ
ပေမဲ့ လူတိုင်းကို အလွတ်မပေးဘဲ ဓာက်ပုံလိုက်ရိုက်
နေသူမို့ သူငြင်းလိုက်ရင် အားနာစရာကောင်းလိမ့်မည်။
"အိုခေ_______နှစ်ယောက်အတူ "
စီနီယာထယ်အိုက အနားကိုပိုတိုးကပ်လာတာမို့
မင်ဆော့ လန့်ဖြန့်ကာ အနောက်ဆုတ်မိတော့
အနောက်ဘက်က တစုံတယောက်နဲ့တိုက်မိသွား
တာမို့ လှည့်ကာ တောင်းပန်မည်အပြု ။
![](https://img.wattpad.com/cover/112548858-288-k339598.jpg)
YOU ARE READING
UGLY
Fanfictionကျွန်တော့်မျက်နှာပေါ်က အပြုံးတပွင့်ဟာ သူ့ကြောင့် ဖြစ်တည်လာခဲ့သည်။ သူက ကျွန်တော့်အတွက် တန်ဖိုးထားရသူ။ ကျွန်တော်က သူ့အတွက် သာမန်လူ။ Luhan =>Luhan???? Xiumin=>Minseok???? XIUHAN(YAOI❤)