☆Part 1☆ (ZawGyi +Uni)

19.5K 1K 31
                                    

Everything , concerning with him is curious ~~~. 
Actually he is totally crazy!!

♡♡♡♡♡♡♡♡♡♡♡♡♡♡

" Gu Mi နင်တကယ် ဆုံးဖြတ်လိုက်တာလား ?? "

" အင်း ~~~ သေချာတယ် Baek Hyun "

ငွေဖြူရောင် လက်စွပ်ကလေးပေါ်က တလက်လက် တောက်ပနေသည့် စိန်ပွင့်လေးကို ငေးကြည့်ရင်း ထိုလက်စွပ်ပိုင်ရှင် ကျွန်တော့ရဲ့ အချစ်ဆုံး သူငယ်ချင်း Gu Mi အတွက် စိတ်မကောင်းဖြစ်မိတယ်~~

10 နှစ် နီးပါးလောက် လက်တွဲခဲ့တဲ့သူနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တဲ့သူမကို နားမလည်နိုင်ပေမယ့် သူမအရမ်း ပင်ပန်းနေရတာကို ကျွန်တော်သိတယ် ~~

Relationship တစ်ခုက အဲ့လောက် အချိန်နီးပါးဆိုရင် အခြေအနေအတိုင်းအတာ တစ်ခုခု အထိ ရောက်သင့်နေပြီကို ...
အဲ့ကောင်ကိုက မကောင်းတာ !!

" Baek Hyun na ~~ ငါလုပ်ရပ်က မှန်ပါတယ်နော် ~~  "

"ဟင်းး ~~~ ဒီအတောအတွင်း နင့်ဘက်က သူ့အပေါ် တာဝန်ကျေခဲ့တာပဲ .. သူ့ဘက်ကသာ နင့်အပေါ် အရမ်းအနိုင်ယူပြီး နင်စိတ်ချမ်းသာအောင်မှ ထားမပေးနိုင်တာ ..  Gu Mi နင်မှန်တယ်.. နင်အကောင်းဆုံး ဆုံးဖြတ်ခဲ့တယ်  ~~  "

ကျွန်တော်မကျွမ်းကျင်ဆုံးအရာက လူတစ်ဖက်သားကို နှစ်သိမ့်ပေးရတာပဲ ...
သူမ စိတ်သက်ရာ ရလား မရလားတော့ မသိပေမယ့် ကျွန်တော့စကားအဆုံးမှာ သူမ ပြုံးရင်း

" Gomawo Baek Hyun na ..  ငါ့မှာ တကယ့်ကို နင်တစ်ယောက်ပဲ ရှိတယ် ... နင်က တကယ့်ကို သူငယ်ချင်းကောင်း ပီသတယ် "

" ဒါပေါ့ဟ.. နင်ငါ့လို သူငယ်ချင်းရထားတဲ့အတွက်ဂုဏ်ယူသင့်တယ်  "

ကျွန်တော့တို့နှစ်ယောက် အားပါးတရ ရယ်ရင်း သူမကို စိတ်ပေါ့ပါးသွားအောင် ကူညီပေးနိုင်ခဲ့တယ် ~~~~

နောက်ဆုံးအနေနဲ့ သူမ ကျွန်တော့ကို အကူအညီ တောင်းခဲ့တယ် ~~~
သူမ တောင်းဆိုချက်ကြောင့် အခုဆို ကမ္ဘာပေါ်မှာ မတွေ့ချင်ဆုံး လူတစ်ယောက်ကို တွေ့ဖို့အတွက် စောင့်နေရတယ် ..

" ကြာလိုက်တာကွာ ... 10 min တောင်ကျော်နေပြီ  "

ကျွန်တော်သိထားတဲ့ သူဆိုတဲ့သူက အချိန်ကို အရမ်းကို တိကျတဲ့သူ ..

Curious Fate 💥Where stories live. Discover now