"Hyunee.. ဒါ.. ဘာသဘောလဲ ?"
ထက်မြက်လွန်းတဲ့ ကျွန်တော့ချစ်သူ က သူ့လက်ထဲက လက်စွပ်ကိုကြည့်
လိုက်ပြီး မေးခွန်းထုတ်လာတယ် ~သူ့မျက်ဝန်းတွေဆီက အနည်းငယ် သောထိတ်လန့် တုန်လှုပ်မှုတွေ တွေ့ရတော့ ကျေနပ်မိ၍ ပြုံးမိသည်..
ချစ်လိုက်တာ Chanyeollie ~~
" မနက်က ပန်းကန်ဆေးရင်း အမှတ်မထင် ကျွတ်သွားတာ .. Chanyeollie .. ဒီလက်စွပ်လေး ပိုင်ရှင်က ငါမဟုတ်တော့ ဆက်ပြီး ထိန်းသိမ်းထားရမှာ လိပ်ပြာမလုံဘူး..
ဒါကိုမြင်တိုင်း ငါ့စိတ်ရှုပ်ရတယ်..
သူ ရည်ညွှန်းတဲ့ပိုင်ရှင်က တခြားတစ်ယောက်ဖြစ်ခဲ့တယ်မလား.
ငါမလိုချင်ဘူး Chanyeollie ~~ "တစ်ခြားတစ်ယောက်အတွက် ရည်ရွယ်ပြီး ဖြစ်ပေါ်လာတဲ့အရာကို ဘယ်လိုမျက်နှာပြောင်တိုက်ပြီး မက်မောနေရမှာလဲ ?
" အင်း ကိုယ် ဒါကို လွှင့်ပစ်လိုက်မယ် .. ပြီးရင် Hyunee အတွက်.. "
"ဟင့်အင်း .. ငါဘာမှ မလိုအပ်ဘူး~~
ငါ့မှာ မင်းရှိနေပြီပဲ ကျန်တာ မလိုအပ်ဘူး Chanyeollie ~"သက်ပြင်းချသံလေးနဲ့အတူ သူ့လက်ထဲက လက်စွပ်လေးက မြစ်ရေပြင်ဆီ လွှင့်ထွက်သွားသည်..
သူဟာ ကတိတည်လွန်းတယ် ~~"ကိုယ် တုံးအခဲ့တယ် ~~ ဒါက မင်းကို အဲ့လောက် စိတ်အနှောင့်အယှက် ဖြစ်စေမှန်း မသိခဲ့ဘူး ~~
ကိုယ် တောင်းပန်ပါတယ် ""ဟင့်အင်း မတောင်းပန်ပါနဲ့ မင်းမှာ အပြစ်မှမရှိတာ .. အခု ပြီးဆုံးသွားပြီလေ ~~ နော် "
အကြည့်တစ်စုံနှင့် နှလုံးသားတစ်ခုလုံး ချုပ်ကိုင်နိုင်တဲ့ ချစ်ရသူရဲ့ နှုတ်ခမ်းပါးက အပြုံးတစ်ပွင့်နဲ့အတူ ဒီနေ့ ညနေခင်းဟာ သိပ်ကိုပြီးပြည့်စုံ တယ် ~~~
ရင်ခွင်ဆီတိုးဝင်လိုက်တော့ နွေးထွေးစွာ ကြိုဆိုနေလေရဲ့ ~~~
ဘယ်တော့မှ မမေ့နိုင်တဲ့ ကိုယ်သင်းနံ့
လေးကိုရှုရှိုက်ရင်း ဆုံးရှုံးရမှာ စိုးထိတ်ပြီး ခပ်တင်းတင်း ဖက်တွယ်ထားမိသည်..."Chanyeollie ~~"
"အင်း ~~ "
"ငါတို့နှစ်ယောက်ရဲ့ စာချုပ် ရုတ်သိမ်းလိုက်ရအောင် "
YOU ARE READING
Curious Fate 💥
FanfictionEverything , concerning with him is curious !!! ?? My Fate start again with Park Chanyeol ?, that crazy dude!! ??? Crd to owner for coverphoto ?