☆ Part 14 ☆

7.1K 756 37
                                    

နိုးထလာတဲ့ မနက်ခင်းက အရင်နေ့တွေထက် အနည်းငယ်တော့ နေလို့ သိပ်မကောင်း ~~~

မျက်နှာချင်းဆိုင်ခုံမှာကျွန်တော့လက်ရာ ထမင်းကြော်ကိုကြေညက်အောင် စားနေတဲ့ Park Chanyeol မျက်နှာကိုခဏခဏ ခိုးခိုးကြည့်ရင်း
သူ့မျက်နှာပေါ်က တစ်ဆင့် သူ့အတွေးတွေထဲ ထိုးဖောက်ကြည့်ဖို့ ကြိုးစားပေမယ့် တည်လွန်းသည့် မျက်နှာကြောင့် စိတ်လျော့လိုက်ရသည်...

ညက သူပြောခဲ့တာတွေ သူမှတ်မိရဲ့လား ??
တော်တော်မူးနေတော့ မှတ်မိမှာ မဟုတ်လောက်ဘူး ~~~ ဟင်းးး ~~

ဟင်းး ..... မှတ်မိစေချင်နေတာလား
Byun Baek Hyun ရာ ~~~

"ဘာလို့စိုက်ကြည့်နေတာလဲ ?? "

"အဟွတ် !!! ဟွတ် !!! "

တကယ်မထင်မှတ်ပဲကြည့်လိုက်ကာမှ
မိသွားရတယ်လို့ !!!!
မြိုချကာနီးဆဲဆဲ ထမင်းလုတ် သီးသွား တာနဲ့ ဘေးနားက ရေခွက်ကိုယူပြီး အမြန်မော့ချလိုက်ရသည်...

"ဘာ .. ဘာလို့ စိုက်ကြည့်ရမှာလဲ ?? မကြည့်ပါဘူး !!! "

အရှက်ပြေ ပြန်အော်ပြီး စားစရာရှိတာ ဆက်စားနေစဉ်...

"ညက ကိစ္စမေးချင်လို့လား ? ... "

ဟင် ?? သူ ဘယ်လိုများ သိသွားရတာလဲ ??

ကျွန်တော့ပုံစံက အရမ်းသိသာနေတာလား ? ဒါမှမဟုတ် သူကပဲ အကဲခတ်တော်လွန်းတာလား ??

"မဟုတ်ပါဘူး .. ညကကိစ္စနဲ့ ပတ်သက်ပြီး ငါ့စိတ်ထဲ ဘာမှထည့်မထားဘူး.. အရမ်းမူးနေတာဆိုတော့ .... "

" ငါနည်းနည်းမှ အသိစိတ်မလွတ်ဘူး ဆိုရင်ရော ?? "

"ဘာာ !!! "

သူ အသိစိတ်လွတ်မနေဘူး ? ဟုတ်လား ?? ဒါဆို အားလုံးကို မှတ်မိနေတာပေါ့ ...

"ညက ငါပြောခဲ့တဲ့ စကားတွေ ..
ငါ့အပြုအမူတွေ အားလုံးအတွက်
တာဝန်ယူတယ် ... "

"ဘယ်လို ?? "

သူပြောတာ ကျွန်တော်တကယ်ကို နားမရှင်းဘူး !!

" ငါပြောခဲ့တဲ့ စကား "ချစ်တယ် " ဆိုတာအတွက် တာဝန်ယူတယ်.. ဆိုလိုတာက ညက မင်းကလည်း မငြင်းခဲ့တော့ လက်ခံတယ်လို့ ယူဆလိုက်မယ်.. ဒါဆိုရင် ငါတို့နှစ်ယောက်က ချစ်သူဖြစ်သွားပြီ "

Curious Fate 💥Where stories live. Discover now