☆ Part 16 ☆

6.5K 720 73
                                    

ဒီတစ်ခါ အတည် Part 16 ပါ  စတာလေးဂို စိတ်ဆိုးကြနက်လေ 😟 ကိုယ်ဖတ်လို့မဝသေးလို့ မ up သေးတာ
ဖတ်လို့ရပါပြီ နော် 😙😙 ချေ့ယူ~~~~

👇👇👇👇👇👇👇👇👇👇👇

Everything can change cause of  Love ~~~

အဟင်းး ... အရင်တုန်းကတော့ စောင်ပိုလုပ်ကာ ပြောသည့် စကားကြီးလို့ ကျွန်တော့ပါးစပ်က ပြောခဲ့သေးတယ်....

တကယ်ဆို ကိုယ်ပြောင်းလဲချင် ပြောင်းလဲလို့ရတယ် .. မပြောင်းလဲပဲ နေချင်လည်းရတယ် .. အဲ့ဒီ အချစ် ဆိုတဲ့ဟာနဲ့ တွေ့မှ ပြောင်းလဲတယ် ဆိုတာကတော့ ပိုလွန်းရာကျခဲ့တယ်
လို့ ကျွန်တော် မှတ်ထင်ခဲ့တယ် ...

ဘယ်အရာမဆို ကိုယ် ကိုယ်တိုင် ခံစားဖူးမှ မှန်ကန်တယ်ဆိုတာ သိလာရတာ ဓမ္မတာပါပဲ... ~~

္ဓ္ဓဓာတ်လှေကားတံခါး ပွင့်သွားသည်နှင့်
သူနှင့်ကျွန်တော် ပြိုင်တူဝင်လိုက်ကြ သည်... သွားမည့် အထပ်လေးကို ကျွန်တော် နှိပ်လိုက်ပြီး သူဘေးနားမှာ ခပ်ခွာခွာ လေးရပ်လိုက်တယ်..
အလုပ်ချိန်မှာတော့ personal ရောတာ သူမကြိုက်မှာသေချာတာ မလို့ ကျွန်တော်လည်း ခပ်ခွာခွာ သာနေသည်...
တံခါးမပိတ်ခင်လေးမှာပဲ ဝန်ထမ်း အမျိုးသမီး ၂ယောက် အမြန်ပြေးဝင်လာပြီး သူ့ကိုတွေ့တော့ အံ့ဩတကြီးဖြစ်ပြီး ခပ်မြန်မြန် အရိုအသေ ပေးလိုက်ကြတယ်..
သူကတော့ အသိအမှတ်ပြုသလို ခေါင်းသေးသာညိမ့်ပြီး တည်ငြိမ်စွာ ရပ်နေလေသည်..

နှုတ်ဆက်တာ အသိအမှတ်ပြုရင် အနည်းဆုံး ပြုံးတော့ပြသင့်တာပေါ့ ..
ဟွန်း .. ချေလိုက်တာ Park Chanyeol ရာ...

သူများဘက်ကနေ မကျေနပ်စွာ တွေးပေးပေမယ့် ...
တကယ်လို့ သူသာပြုံးပြလိုက်ပြန်ရင် လည်းမဖြစ်!!!
သူပြုံးရင် အရမ်းကြည့်ကောင်းတာ !!
တော်ကြာ ဟိုမိန်းကလေးတွေ ပိုပြီး သဘောကျသွားရင် မဖြစ်သေးဘူး >.< ..
ဟုတ်တယ် မင်းမှန်တယ် Park Chanyeol အဲ့လို ချေချေသာနေ...

ပုံမှန်ပြောင်းလဲသွားသည့် နံပါတ်စဉ် တွေကို မော့ကြည့်နေတုန်း ပူနွေးသော လက်တစ်စုံက ကျွန်တော့လက်ကို လာရောက်ဆုပ်ကိုင် လိုက်သည် မလို့ လန့်သွားသည်...

လက်ကြားထဲ သူရဲ့လက်တွေနဲ့ ယှက်ထားပြီး ခပ်တင်းတင်းဆုပ် ထားတာကြောင့် သူ့မျက်နှာကို ကြည့်လိုက်တော့ သူက အရင်လို ခပ်တည်တည်ပင်...
ဟား ဟား ...ရုပ်ကိုက သူမဟုတ်သလိုနဲ့ !!

Curious Fate 💥Dove le storie prendono vita. Scoprilo ora