☆ Part 19 ☆

6.2K 737 42
                                    

လူကို တွန်းဖယ်ကာ ရှေ့က ဝင်သွားသည့်သူမနောက် ခပ်သွက်သွက်လေး လိုက်သွားလိုက်တယ်...
Sofa ပေါ်မှာ ထိုင်လိုက်သည့်သူမနား ခပ်ရို့ရို့ လေးကပ်ပြီး...

" ဟို.. coffee သုံးဆောင်မလား ခင်ဗျ ? "

" ရတယ် မလိုဘူး ... မင်း ဒီမှာ ထိုင်ဦး .. မင်းကိုမေးစရာတွေရှိလို့ "

ဘာတွေမေးမည်ကိုမသိတာကြောင့် ထိတ်လန့်နေမိ၍ တံတွေးတစ်ချက် မြိုချက်လိုက်ပြီး သူမ နဲ့ ခပ်လှမ်းလှမ်းခုံမှာ ဝင်ထိုင်လိုက်သည်.. ..

" မင်းက Chanyeol နဲ့ ဘယ်လိုပတ်သက်လဲ ? "

" ကျွန်.. ကျွန်တော်က Chanyeollie ရဲ့ အတွင်းရေးမှူးပါ ... "

" အတွင်းရေးမှူး?? ဘာလို့ မင်းက ဒီမှာလာနေ နေရတာလဲ ? "

"ဒါက .. သူ လာနေခိုင်းလို့ပါ ~~ "

" အထူးအဆန်းပဲ .. hak .. သူစိမ်းတစ်ယောက်ကို အိမ်ပေါ်ခေါ်တင် ထားတယ်..  Chanyeolကလေ ? "

ဘာလို့မှန်းမသိ သူမရဲ့ ရယ်သံကို သဘောမကျ .. လှောင်ပြောင်နေသလို ..

" ငါလာရတဲ့အကြောင်းအရင်းက မင်းရှိတဲ့နေရာ Chanyeol ဆီ မေးမလို့ပဲ  .. "

အံ့ဩရပါရဲ့ !! သူမက ကျွန်တော်နဲ့ တွေ့ချင်တာလား ??

" Nae.. မေးပါ ~~ "

" မင်း Chanyeol အကြောင်း company မှာ ကောလဟာလ တွေကြားနေရတယ်... အဲ့တာတွေ အမှန်ပဲလား ?? "

ဟင် ??
ဒါတွေလည်း သူမ သိတာပဲလား ?
ခဏမျှ အံ့ဩမိပေမယ့် .. Chanyeollieနဲ့ပက်သက်ပြီးဆို တော့ မထူးဆန်းဘူးလေ ~~

" ဟို.. မဟုတ်ပါဘူး .. ကျွန်တော်တို့က ဒီတိုင်း သူဌေးနဲ့ အလုပ်သမား ဆက်ဆံရေးပါ.. "

" ငါက ဘယ်လိုယုံပေးရမှာလဲ? မင်းတို့အကြောင်းက အခု လူတွေကြားမှာ ပြောစရာကို ဖြစ်နေပြီ .. "

" .... "

" ဒီမှာ Byun Baek Hyun ..
မင်းအတွက် Chanyeol က ဘယ်လို လူမျိုးလဲ ဆိုတာမသိပေမယ့် .. ငါ့တို့အတွက်တော့ အရမ်း အရေးပါတဲ့ လူတစ်ယောက်ပဲ.. နောက်တစ်ချိန်မှာ Park Group တစ်ခုလုံးကို ဦးဆောင်မယ့်သူက
ဘာမဟုတ်တဲ့ လူတစ်ယောက်ကြောင့် ရှုတ်ချခံရမှာမလိုလားဘူး ? ငါတို့ မိသားစုရဲ့ image ကိုထိခိုက်တာမျိုး
မဖြစ်စေချင်ဘူး ! Byun Baek Hyun လည်း ငါ ဘာကိုဆိုလိုချင်လဲ ဆိုတာ နားလည်မှာပါ .. ရှေ့လျှောက် မင်းနဲ့ Chanyeol ရဲ့ ဘယ်လိုသတင်းမျိုးမှ မကြားချင်ဘူး  ... ကဲ ငါပြောစရာ ရှိတာပြောပြီးပြီ မလို့  ပြန်လိုက် တော့မယ်... "

Curious Fate 💥Where stories live. Discover now