☆ Part 15 ☆

6.9K 718 14
                                    

"အင်းး ~~ "

ပုံမှန်ရွေ့လျားနေသည့် နံရံပေါ်က နာရီ ကိုလှမ်းကြည့်ပြီးသက်ပြင်းချမိသည်..
ပြန်လာနိုး ပြန်လာနိုး နှင့် တစ်ညလုံး စောင့်နေပေမယ့် ဧည့်ခန်းထဲက sofa ပေါ်အိပ်ပျော်သွားမိတာ မျက်နှာပေါ် နေရောင်ကျမှ နိုးလာခဲ့သည်...

သူ့အခန်းထဲများ ရှိနေမလားဆိုသည့် မျှော်လင့်ချက်နှင့် သွားကြည့်ပေမယ့် ရှိမနေခဲ့ ~~~~
အောက်ထပ် ကျွန်တော့အခန်းဆီ ပြန်လာပြီးဖုန်းယူကာ သူ့ဆီဆက်လိုက်သော်လည်း ..
ဝင်ပေမယ့် သူ မကိုင် ... 

* Park Chanyeol ဒီ voice mail ကိုရရင် ချက်ချင်းအကြောင်းပြန်ပါ.. *
Voice mail ချန်ထားခဲ့တာသူသာ တွေ့ရင် ဖုန်းပြန်ခေါ်စေချင်တယ်..
မနေ့ညကဘယ်နေရာမှာများ နေခဲ့လဲ ?
ဟင်းးး~~~
အလကားသပ်သပ်သူ့ကိုစိတ်တို
ရအောင် လုပ်မိခဲ့ပြီ...
ကျေးဇူးပြုပြီး ငါ့ voice mail ကိုတွေ့ရင်အကြောင်းပြန်ပေးပါ ..
စိတ်ပူတယ်လို့ ပြောချင်ပေမယ့် မင်းအတွက်ဘာမှန်းမသိတဲ့ ငါ မပြောရဲဘူး ~~~

ရုံးသွားချိန်ရောက်နေပြီမလို့ သူလည်း ရုံးလာလောက်မှာပါ ... ရောက်ရင်တောင် ရောက်နေလောက်ပြီ ~~~
မျှော်လင့်ချက် အနည်းငယ်နဲ့ အမြန်ပြင်ဆင်ပြီး ရုံးကို ရောက်အောက် သွားလိုက်သည်..

ကျွန်တော်နဲ့သူ့ ရုံးခန်းတံခါးလေးဖွင့် ကြည့်လိုက်တော့ မျှော်နေရတဲ့သူ ရှိမနေခဲ့ ...

" Aww Baek Hyun ssi .. သူဌေး မရှိဘူးလား ?"

"Arr .. ဒီနေ့ သူဌေးနောက်ကျမယ်လို့  ပြောထားတယ် ... "

" nae..  ဒါဆို ဒီfileတွေ ထားခဲ့လိုက်မယ်နော်  "

" Nae.. ထားခဲ့လိုက်ပါ "

ဟင်းး ~~~ 

အိတ်ကပ်ထဲကဖုန်းလေးကို ထုတ်ကာ
၂ကြိမ်တိတိခေါ်ထားခဲ့တဲ့ နံပါတ်လေးကို ပြန်ခေါ်ပေမယ့် ပြန်လည်ဖြေဆိုမှုမရှိခဲ့ ...

တစ်စတစ်စ မွန်းကြပ်လာသည့် စိတ်တို့နှင့်အတူ စိုးရိမ်စိတ်က ကပ်ပါလာသည်...

မင်းဘယ်မှာလဲ Park Chanyeol ?

* Ring *

လက်ထဲက တုန်လှုပ်လာသည့် ဖုန်းကို အမြန်ကြည့်လိုက်ရင်း သူဖြစ်ပါစေ ဆုတောင်းပေမယ့် ဖြစ်မလာခဲ့ ...

Curious Fate 💥Where stories live. Discover now