"ဟင်း .. အခုထိ ထွက်မသာသေးဘူး "
နေ့တိုင်း အလုပ်သွားဖို့ စောင့်နေရတာ ထုံးစံ ဖြစ်နေပေမယ့် စိတ်ကတော့ မရှည် ...
တော်ပြီ car parking ကနေပဲ စောင့်တော့မယ် ...အိမ်တံခါးကို ဖွင့်လိုက်ရင် ဆိုလျှင်ပဲ အပေါက်ဝမှာ ရပ်ထားသည့် စက်ဘီး တစ်စီးနဲ့အတူ ရပ်နေသည့် Park Chanyeol??....
" ရော့ ဒါသယ်ပြီး ဆင်းလာခဲ့ .. "
ဟမ် ဘယ်လို ?? ..
" Yarr !!! Park Chanyeol !!!! ဒါ ကြီးကို ငါ ... Garrr သောက်ကျင့်မကောင်းတဲ့ကောင် !!! "
ထိုစက်ဘီးကြီးကို မနည်း ဒုက္ခခံ သယ်ပြီး အပြင်ရောက်တယ်ဆိုလျှင်ပဲ
အသင့်စောင့်နေတဲ့ Park Chanyeol က carrier ခုံပေါ် ထိုင်ပြီး" နင်းး... "
"ဘာာာ !!!!!! "
" နင်းဆို... ဒီနေ့ ကားမယူခဲ့နဲ့ ဒီ စက်ဘီးနဲ့ သွားမယ် .. လုပ် နင်းတော့ "
" မင်းဘာသာ နင်းပါလား !!! ငါကတော့ မနင်းနိုင်ဘူး... လမ်းလျှောက်လာခဲ့မယ် .. "
" Byun Baek Hyun ... ငါက မင်းအလုပ်ရှင်နော် .. လုပ်ဆို လုပ်လိုက် ... "
Garr.. သတ်ပစ်ချင်လာပြီ !!!
နောက်ဆုံးတော့ ရှေ့ကနေ အသားကုန် နင်းရသည်..
တောက် !!! ဒင်း ခန္ဓာကိုယ် ကြီးမှ အားမနာ တင်နင်းခိုင်းတယ် !!!! ..
နင်းရင်း နင်းရင်း လူက တဖြည်း ဖြည်း မောဟိုက်လာတယ်..
ဒါပေမယ့် နောက်က ကောင်ကတော့ ဇိမ်ခံမပျက် !!!!Company ရှေ့ရောက်သည်ဆိုလျှင်ပဲ security တွေက ခဏတာ ငေးကြောင် ကြည့်နေပြီးမှ အသည်းအသန် အနားပြေးလာပြီး ကြိုကြတယ်..
ဆွေ့ခနဲ ဆင်းသွားပြီး အေးဆေး company ထဲဝင်သွားသည့် Park Chanyeol ကိုနောက်ကနေ ပြေးကန်ချင်ပါသော်လည်း လူက မနည်းအသက် လုရှုနေရသည်.." Byun Baek Hyun !!! မြန်မြန် လိုက်လာခဲ့ !!! "
ဟိန်းခနဲ ထွက်လာသည့် အမြင်ကတ်စရာ အသံကြောင့် လူသတ်ချင်စိတ် တဖွားဖွား ထွက်လာသည် ...
**********************
"ခဏ!!!... ခဏလေးး "
ပိတ်ကာနီးဆဲဆဲ ဓာတ်လှေကား တံခါးနှစ်ခုကြား သေးသွယ်သော လက်လေးတစ်စုံ တိုးဝင်လာတော့ တံခါးပြင် ၂ခုမှာ ပြန်၍ ကွဲထွက်သလားသည်...
YOU ARE READING
Curious Fate 💥
FanfictionEverything , concerning with him is curious !!! ?? My Fate start again with Park Chanyeol ?, that crazy dude!! ??? Crd to owner for coverphoto ?