" *sob * ...* sob * ... "
တဖြည်းဖြည်း မှောင်ကျလာပြီ ဖြစ်တာကြောင့် လက်ရှိထိုင်နေတဲ့
စာသင်ခန်း လွတ်ထဲကနေ အိမ်ပြန်ဖို့အတွက် မတ်တပ်ရပ်လိုက်သည်....တစ်နေကုန် ငိုထားရသည်ကြောင့် မျက်လုံးတို့ကလည်း စပ်ဖျင်းနေသည်..
" ဟူးးး "
တင်းကြပ်လွန်းလှသည့် စိတ်တို့က အခုအချိန်မှာ အနည်းငယ် သက်သာရသွားပြီ...
ဖြစ်လာသမျှကိစ္စတိုင်းအတွက် တရားခံက ကျွန်တော်သာလျှင် ဖြစ်သည်...
Gu Mi နဲ့ Chanyeol တို့ထွက်သွားသည့်နောက်ကို အမြန် လိုက်ခဲ့ပေမယ့် အရိပ်ကလေးတောင် ရှာမတွေ့သည်ကြောင့် အတန်းထဲမှာ ကျန်ခဲ့တဲ့ phone ကိုပြေးယူပြီး Gu Mi ဆီ ဆက်လိုက်သည်..
သူမ တော်တော်နဲ့ မကိုင်ခဲ့တာကြောင့် ပို၍ပင် စိတ်တို့ လှုပ်ရှားလာသည်..
နင် မဟုတ်ဘူးလေ Gu Mi ရာ ~~
Jelpa phone ကိုင် လိုက်စမ်းပါဟာ ..* တူ ~~ တူ ~~~ *
Chanyeol တို့ အခန်းထဲ သွားကြည့်ပြန်တော့ သူလည်း ရှိမနေ..
သူတို့နှစ်ယောက်အတူတူ ထွက်သွားရာက ပြန်မလာသေးတာလား ??အဆက်မပြတ် စီးကျလာသည့် မျက်ရည်တို့ကြောင့် ပတ်ဝန်းကျင်က လူတွေ ဝိုင်းကြည့်ကုန်သည်..
ဒီအချိန်မှာ ကျွန်တော် လွတ်လွတ်လပ်လပ် ငိုကြွေးပစ်ချင်တယ် !!!အဆောင်ဟောင်းဘက် ပြေးထွက်လာခဲ့ပြီး ခုံအဟောင်းတွေထည့်ထားသည့် အခန်း ထဲဝင်ရင်း စိတ်လွတ်ကိုယ်လွတ် ငိုကြွေးမိသည်..
Wae ?? ဘာလို့ နင်ဖြစ်ရတာလဲ ??
ဘာလို့ နင်က !!! ..." အားးးး !!!!! မုန်းတယ် !!!!! အရမ်း မုန်းတယ် !!!!! "
Chanyeollie ... ဒါဆို Chanyeollie ကို ပိုင်ဆိုင်ခွင့်မရှိတော့ဘူးပေါ့ ~~~
ကျွန်တော် သူ့ကို အရမ်းချစ်တာလေ ~~ နှစ်နှစ်လုံးလုံး အရိပ်တကြည့်ကြည့်နေလာခဲ့တာ ~~
အမြဲတမ်း တင်းမာနေတဲ့ မျက်နှာချောလေးကို နည်းနည်းလေးပဲ ဖြစ်ဖြစ် ပြုံးရယ်စေချင်လို့ ချောကလက်လေးတွေ ပို့ပေးခဲ့တယ်......ကျွန်တော် သူ့ကို ပျော်ရွှင်စေချင်တဲ့လက်ဆောင်က ကျွန်တော့အတွက် ပြစ်ဒဏ်တစ်ခုလား ???
YOU ARE READING
Curious Fate 💥
FanfictionEverything , concerning with him is curious !!! ?? My Fate start again with Park Chanyeol ?, that crazy dude!! ??? Crd to owner for coverphoto ?