☆ Part 23 ☆

6K 702 36
                                    

အသားကျနေသည့် အဆောက်အဦး ဖြစ်သည့်အတွက် လိုရာ အရပ်ဆီ ဦးတည်ပြီး ခပ်သုတ်သုတ် လျှောက်လာခဲ့သည်...

* အသက်ကလည်း ငယ်တယ်.. ချောလည်းချောတယ် ချစ်ဖို့ကောင်းတယ်လို့ ထင်ရတာပဲ ~~ *

Garr !! တစ်နေ့လုံး လူကို မရိုးမယွ ဖြစ်အောင် လုပ်သွားတဲ့ သူ့စကားတွေ !!

အတွင်းရေးမှူးအသစ် သူ့စိတ်ကြိုက် ရွေးခန့်လိုက်ပြီးတဲ့နောက် စပ်စုကြည့်တဲ့အခါ လိုတာထက်ပိုပြီး
အပြင်ပန်း ရုပ်သွင်ကို ချီးကျူးလွန်း တာမလို့ မနေနိုင် မထိုင်နိုင် ဖြစ်ပြီး  နောက်ဆုံး သူ့ company ဆီလိုက်လာ ရခြင်းပင် !!!

ငါ့တုန်းကလို သူ့အခန်းထဲမှာပဲ ထား ထားတာလား ??

သဝန်တိုမှုတို့ အရှိန်ပြင်းစွာ ဝင်ဆောင့် တဲ့အခါ အသက်ရှုသံမြန်ဆန်လာသည်...

" Chanyeollie !!! "

အကြောင်းမကြား ရောက်လာသည့် ကျွန်တော့ကို သူ အံ့ဩစွာ ငေးကြည့်နေပေမယ့် ကျွန်တော်ကတော့ ရုံးခန်းထဲရောက် ရောက်ချင်း အတွင်းရေးမှူး ဆိုသူကို လှည့်ပတ်ရှာမိသည်...

" Hyunee ဘယ်လိုလုပ် ရောက်လာတာလဲ ?? "

သူ့မေးခွန်းကို အာရုံမစိုက်နိုင်ပဲ ရုံးခန်း အနှံ့ စေ့စပ်စွာ လိုက်လံ ကြည့်ရှုနေသည့် ကျွန်တော့ကို နောက်ကနေ ဆွဲပွေ့ပြီး ဖမ်းချုပ်ထားသည်...

" ဘာတွေရှာနေတာလဲ ? ကိုယ် မေးတာ ဖြေဦး လေ ~~ "

" အတွင်းရေးမှူး !! အာ့လူ ဘယ်မှာ လဲ ?? !! "

" ဘာလုပ်မလို့လဲ Hyunee က ? "

မသိချင်ယောင်များ ဆောင်နေသလား ထင်ရလောက်အောင် သူ့မျက်နှာက
ပြောင်ချော်ချော် လုပ်နေသလို ..

" Chanyeollie !! ဘယ်မှာလဲ လို့မေးနေတယ်လေ !! "

ကျယ်သွားသည့် အသံကြောင့် သူ့မျက်နှာ တည်သွားတယ် ~~
မှားမှန်းသိပေမယ့် ရင်ထဲက အစိုင်အခဲကို ချက်ချင်းဖြေရှင်းရမှ ကျေနပ်နိုင်မည်မလို့ လေသံ တစ်စက်မှ မလျော့မိ...

" သူဌေး !! အာာ.. တောင်းပန်ပါတယ် ဧည့်သည် ရောက်နေတာ မသိလို့ပါ .. "

Curious Fate 💥Where stories live. Discover now