☆ Final ☆

8K 746 89
                                    

လေးလံလွန်းလှသည့် မျက်ခွံတို့ကို ကြိုးစားပင့်တင်လိုက်လျှင်ပဲ မျက်လုံးထဲဝင်လာသည်က အဖြူရောင် မျက်နှာကျက် ~~

ကြာကြာ မျက်လုံးဖွင့်ထားရန်ပင် အားမရှိတော့ ခဏပြန်မှိတ်ပြီး
တစ်ခါပြန် ဘေးဘက်ဝန်းကျင်ကို အားယူကာ စူးစမ်းမိတော့ ကုတင် အချို့ကို တွေ့ရသည်...

တဆစ်ဆစ်ထိုးကိုလာသည့် ခေါင်းကြောင့် မျက်လုံးတို့ကို ပြန်လည် မှိတ်ကာ အနားယူနေစဉ်
အကြောင်းအရာအချို့ ခေါင်းထဲ တိုးဝင်လာတယ်...

Chanyeollie ~~

တုန်ရီနေသည့် လက်တို့နှင့် အားယူကာ ဆေးရုံ၏ကုတင်ထက်မှ ထလိုက်စဉ် ...

" Baek Hyun !! ဘာထလုပ်တာလဲ ?? ပြန်လှဲနေ.. မင်းနေကောင်း တာလည်း မဟုတ်ပဲနဲ့ကွာ "

Jong Dae ရဲ့ ဆူပူသံကို လျစ်လျူရှု ပြီး ကုတင်ဘေးဘက်နားမှာ ရှိသည့် ဖိနပ်ကို အားယူစီးရင်း မတ်တပ်ရပ်လိုက်သည်...

" Byun Baek Hyun !!!!!! "

ကျယ်လောင်လှတဲ့ Jong Dae အသံကြောင့် စိတ်ပျက်စွာ သူ့ကို ကြည့်ရင်း..

" မင်းဖယ်နေ .. ငါ Chanyeollie ဆီ သွားရမယ် ~~ "

"ဘာ ? !! Chanyeollie ??!!! "

ကိုယ်ပိုင်အသုံးအနှုန်းကို ယူကာသုံးလိုက်တဲ့ Jong Dae ကို မျက်မှောင်ကြုတ်ကာကြည့်ရင်း မကြိုက်ဟန် ပြလိုက်တာကို သူက ဂရုမစိုက် ..

" စိတ်ထိန်းစမ်းByun Baek Hyun !!  မင်းအပေါ် သစ္စာမရှိတဲ့  လူတစ်ယောက်ကိုတမ်းတမနေစမ်းပါနဲ့ ... ကိုယ့်ကိုယ်ကိုသာ ဂရုစိုက်စမ်းပါ !! "

ဘာတွေပြောနေတာလဲ ?
Chanyeollie ကို ဘာလို့ သစ္စာမရှိတဲ့ လူလို့ တစ်ဖက်သတ် စွပ်စွဲနေရတာလဲ ?? !!!
Jong Dae မင်း ဘာမှမသိပဲနဲ့ !!

"တော်စမ်း Kim Jong Dae !! မင်း Chanyeollie ကို ဘာမှ ပြောစရာမလိုဘူး !!! သူ.. ငါမလဲကျခင်တုန်းက သူ ငါ့ဆီ ရောက်အောင်လာခဲ့တယ် ~~ "

ဝဲတက်လာသည့်မျက်ရည်တို့နှင့်အတူ
နှုတ်ခမ်းထက်မှာ အပြုံးတစ်ပွင့်က အလိုလို တောက်ပလာသည်..

ခင်ဗျားတို့ အရမ်းချစ်ရပါတယ်ဆိုတဲ့ လူက ခင်ဗျားတို့ ပြင်းပြင်းထန်ထန် တောင့်တလိုအပ်နေချိန် အနားမှာ ရှိနေရင် ဘယ်လိုခံစားရမလဲ ?

Curious Fate 💥Where stories live. Discover now