☆ Part 21 ☆

6.1K 693 36
                                    

"မင်းနဲ့နေမှ ထမင်းဟင်းစားရတာ ..
ဟီးးး Wuri Baek Hyunee က သိပ်ချစ်ဖို့ကောင်းတာပဲ မွ မွ "

ရွံစရာကောင်းအောင် နှုတ်ခမ်းထော်ပြ တဲ့ Jong Dae ကို မဲ့ရွဲ့ကြည့်ရင်း စားလက်စ ထမင်းတောင် မစားချင် ~
လက်ထဲကတူကို ချလိုက်ပြီး

" အထူးအဆန်းတွေ ကြားရတာနဲ့ စားနေရင်းတောင် အန်ချင်လာပြီ "

" အန်ချင်တယ် ?? Yahh ~~ မဟုတ်မှလွဲရော !!!! မင်း .. ကိုယ်ဝန် !!"

စားပွဲခုံအောက်ကနေ Jong Dae  ခြေထောက်ကို အားပြင်းပြင်းနဲ့ ဆောင့်ကန်လိုက်တော့ အားခနဲ အော်ပြီး အကန်ခံရတဲ့နေရာကို ပွတ်သပ်ရင်း ရှုံ့မဲ့နေလေတယ် ..

"မင်းကြည့်ပြီး အန်ချင်တာ သောက်ကောင်ရ !! ငါ မစားတော့ဘူး
မင်းစားပြီးရင် အကုန်ဆေးထားလိုက်
ငါအပြင်သွားလိုက်ဦးမယ် "

စူးရှလွန်းသည့် Jong Dae အော်သံကို လျစ်လျူရှုပြီး အိမ်ကနေထွက်လာခဲ့သည် ~~

လမ်းတစ်လျှောက်သစ်ပင်တို့ထက်မှ နီညိုရောင်သန်းနေသည့် သစ်ရွက်တို့ ကသဘာဝတရားရဲ့ အလှတစ်ခုကို ပုံဖော် အသက်သွင်းနေသည်..

အလုပ်ထဲခေါင်းနှစ်ခဲ့ရတဲ့ နှစ်တွေမနည်းတော့ အပြင်လောကကို သေချာမခံစားရတာတောင် ကြာလှပြီ ~~

မျက်စိရှေ့မှာ ကြွေကျသွားသည့် သစ်ရွက်လေးကို မြေပေါ်မသက်ဆင်း ခင် လိုက်လံဖမ်းဆုပ်ပေမယ့် မမိခဲ့ ..
ကလေးဆန်လှသည့် ကိုယ့်အဖြစ်ကို
ရယ်မောရင်း သာယာတဲ့
Saturday မနက်ခင်း လေး ကို ချစ်ရသူနဲ့ ဖြတ်သန်းဖို့ ခရီးဆက်ခဲ့သည်......
ဒီနေ့ သူနဲ့ အတူနေရမယ့် ရက်သတ္တပတ်ရဲ့ ပထမဆုံးနေ့ပေါ့ ~~~

*တီတောင် !! *

အကြိမ်ကြိမ် လူခေါ်ဘဲ နှိပ်နေပေမယ့်
ထူးခြားမှုမရှိသည်မလို့ password နှိပ်ကာပင် ဝင်သွားလိုက်တော့သည်..
ဘယ်လောက်ပဲ အိပ်ရာထနောက်ကျ သည်ဆိုဦးတော့ ၉နာရီထက်ပို မအိပ်တတ်တဲ့သူက ဘယ်လိုအကြောင်းကြောင့် တံခါးလာမဖွင့်ရတာလဲ ?

အပေါ်ထပ်က သူ့အခန်းလေးဆီ အပြေးတက်သွားကာ ခြောက်လန့်ချင်စိတ်ကြောင့် တံခါးကို ဝုန်းခနဲ ဖွင့်လိုက်ပေမယ့် မျှော်လင့်ထားသလို သူရှိမနေ...

Curious Fate 💥Tempat cerita menjadi hidup. Temukan sekarang