☆ Part 18 ☆

6.4K 754 46
                                    

ယောကျာ်းတွေ .. ယောကျာ်းတွေ !!
အခုတစ်မျိုး တော်ကြာတစ်မျိုး နက်!!

Park Chanyeol ဆိုတာလည်း ယောကျာ်းထဲက ယောကျာ်းဆိုပေ မယ့် နည်းနည်းတော့ တခြားသူတွေ နဲ့မတူပဲ သာမယ်ထင်တာ!
အခု သူလည်း ဒီပုတ်ထဲက ဒီပဲ ပဲ !!
Garrr !!!!

မျက်စိရှေ့မှာ မြင်နေရတဲ့ မြင်ကွင်းက ရင်ထဲက ဒေါသအပူတွေကို တစ်စ တစ်စ ထိုးတက်လာစေတယ် !!

ဟွန်း ... စကားပြောနေလိုက်တာ များ ပြုံးဖြီးလို့ သွားတွေ လေဖြတ်မှာတောင် စိုးရိမ်ရတယ် ..

ဟူးး ... တကယ်ဆို အစက ကျွန်တော့ မှာ Park Chanyeol အဲ ..
Chanyeollie ရဲ့ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေနဲ့ ပြောဆိုဆက်ဆံတာ သည်းခံ ခွင့်လွှတ် ပေးနိုင်ခဲ့တယ် ...
အခု ဒီအကျင့်ပျက်အောင် ဒင်းက လုပ်ပြီး လူကို ပိုပို ဒေါသထွက် သဝန်တိုအောင် စနေတယ် !!!

အတွင်းရေးမှူးဆိုသည့်အလျောက် သူ့ရဲ့ အချိန်တွေကို စီမံပေးရတယ်..
ဘယ်အချိန် ဘယ်နေရာ ဘယ်သူနဲ့ တွေ့ရမယ် ဆိုတာက အစ စီမံ ပေးရသူ ...
သိပ်မကြာခင် ရက်တုန်းက
Green World company ရဲ့
CEO Jin Jina က နေ့လည်စာ စားဖို့ ဖိတ်တယ် ...
ဒါပေမယ့် အလုပ်ကိစ္စမဟုတ်လို့ ကျွန်တော် သူမသိအောင် ပယ်ချလိုက်တာကို သူက တကူးတက သွားသေးတယ်...
ဒါတောင် အတွင်းရေးမှူး ကျွန်တော့ကို ခေါ်မသွားဘူး !!!
ဒါ စိတ်ဆိုး ဒေါသထွက်သင့်တယ် မဟုတ်လား !!!>.<

အခုလည်း သူမရဲ့ မွေးနေ့ပါတီကို ရောက်နေကြတာ..
ရက်ပိုင်းလေးအတွင်း သိကျွမ်းတဲ့ သူရဲ့ ဖိတ်ကြားမှုကို သူက လက်ခံ လိုက်တယ် !!
နှစ်အတော်ကြာ လက်တွဲခဲ့တဲ့ တချို့ လုပ်ငန်းရှင်တွေရဲ့ ပွဲတိုင်းကိုတောင် မတက်တဲ့သူက !!!

စိတ်ပျက်စရာကောင်းလွန်းတဲ့ အနေအထားကို ထိုင်ကြည့်နေရတာ
တော်တော် စိတ်တိုစရာကောင်းတယ်!
လက်ထဲက ရှန်ပိန်ခွက်ကို တစ်ချက်တည်း မော့ချလိုက်ပြီး သူတို့ရှိရာဆီ ပြန်ကြည့်လိုက်သည်.. 

သူမနဲ့ စကားပြောနေတဲ့သူ့ကို ကြည့်ပြီး ဝမ်းနည်းမိလာတယ် ~~
ဘယ်လိုအကြောင်းအရာတွေကြောင့် သူရော သူမရော ပျော်ရွှင်နေရလည်း မသိပေမယ့် ... သူပြုံးနေတယ် ..
သာမန် ပြုံးတာလောက်ဆိုပေမယ့်
သူ့အပြုံးကို မြင်တဲ့သူတိုင်း ပျော်ဝင် သွားကြတာပဲ မဟုတ်လား ?
တစ်ခါ ဆိုရင်တောင် တော်သင့်တာကို အခု ဘယ်နှကြိမ်မြောက်မှန်းမသိ အောင် ပြုံးနေပြန်တယ် ~~~
ငါ့ကို ရူးအောင်လုပ်နေတာလား !! ?

Curious Fate 💥Where stories live. Discover now