"ဟိုလေ ~~~ "
အလုပ်စားပွဲ ဘေးနားလာရပ်ရင်း Byun Baek Hyun မပီသစွာ တိုးညှင်းလှသော လေသံနဲ့ စကားဆိုလာသည့် သူ့ကို မျက်လုံးလှန်ကြည့်လိုက်သည်..
" ပြော ... ဘာကိစ္စလဲ ?? "
ပြောဖို့ကိုပင် မအီမသာ မျက်နှာနှင့် အချိန်ဆွဲနေသည့် သူ့ပုံက တစ်မျိုး ချစ်စရာကောင်းသည်..
Hak.. Park Chanyeol ဘယ်လိုတွေးမိလိုက်တာလဲ ?ကိုယ့်အတွေးကို ကိုယ် သဘောကျမိပြီး ပြုံးသည်ကို ဟိုကောင်ကလေးက မျက်လုံးလေးပြူးကာ ကြည့်နေလေတော့ မျက်နှာထား ပြန်တင်းရင်း
" ပြောလေ !! ဘာကိစ္စလဲလို့ ?? "
" ဟို.. အပြင်ခဏသွားပြီး ဧည့်သည်နဲ့ တွေ့ချင်လို့ ~~~ "
တကယ်ဆို ခွင့်မတောင်းပဲ လုပ်ချင်ရာ လုပ်တတ်တာ သူ့အကျင့်မဟုတ်လား ?
ထူးတော့ ထူးဆန်းပေမယ့်လည်း ကျေနပ်မိသည်..." ဧည့်သည် ?? ဘယ်သူလဲ ?? ဘာကိစ္စနဲ့လဲ ?? "
" ဟို .. Jong Dae ...
Kim Jong Dae နဲ့ပါ .. အရေးတကြီး ပြောစရာရှိတယ်ဆိုလို့ .. အလုပ်ချိန်ဖြစ်နေလို့ သူဌေးကို ခွင့်တောင်းတာပါ ~~~ "" သွားလေ ... မြန်မြန်တော့ ပြန်ခဲ့ပေါ့ "
သွားခွင့်ပြုလိုက်တော့ မျက်နှာလေးက လက်ခနဲဖြစ်သွားပြီး
" Nae!! အမြန်ဆုံးပြန်လာခဲ့ပါ့မယ် 😁"
အခန်းထဲက ထွက်သွားသည့် သူ့ကို ငေးကြည့်ရင်း စိတ်ထဲက မသင်္ကာဖြစ်မိတယ်...
တကယ် သူ့ သူငယ်ချင်း
Kim Jong Dae နဲ့ သွားတွေ့တာလား ???စိတ်ထဲ မတင်မကျဖြစ်နေပေမယ့်လည်း Byun Baek Hyun ပြောတာယုံပြီး
လုပ်လက်စ အလုပ်ကိုသာဆက်လုပ် နေလိုက်သည်....¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
" Baek Hyun ssi နဲ့ မတွေ့ရတာတောင်ကြာပြီနော် ~~ "
" Nae~~ ဟိုနေ့က မလာဖြစ်လိုက်တဲ့အတွက် တောင်းပန်ပါတယ် ... 😟"
" ရပါတယ် ... Baek Hyun အလုပ် မအားလို့ မလာနိုင်တာပဲ ကိုယ် စိတ်မဆိုးပါဘူး ... "
တကယ်ကို Kris ဆိုတဲ့လူက စိတ်သဘောထားပြည့်ဝတာပဲ ~~~
😟😟😟..." ဒါနဲ့ Baek Hyun အတွက် ကိုယ့် လက်ဆောင် ~~~ "
YOU ARE READING
Curious Fate 💥
FanfictionEverything , concerning with him is curious !!! ?? My Fate start again with Park Chanyeol ?, that crazy dude!! ??? Crd to owner for coverphoto ?