☆ Part 4 ☆(ZawGyi +Uni)

8.5K 912 39
                                    

Byun Baek Hyun ဆိုတဲ့ ကျွန်တော်က ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်ရင်း ကြိုးစားနေတဲ့ သာမန် ယောကျာ်း တစ်ဦးပါ ~

တက္ကသိုလ် ပထမနှစ်မှာ မိဘနှစ်ပါး ဆုံးပါးသွားတာကြောင့် လောကကြီး အလယ်မှာ တစ်ကောင်ကြွက် တစ်မျက်နှာ ဖြစ်ခဲ့ရပေမယ့် အားမလျော့ပဲ ကြိုးစားခဲ့တယ် ~~

ထိုအချိန် ကာလတွေက ကျွန်တော့အတွက် ခက်ခဲခဲ့ပေမယ့်
အလုပ်တစ်ခု ရတဲ့အခါမှာတော့ ကံဆိုးမှုတွေအားလုံး လွင့်ပယ်ပြီ လို့ထင်ခဲ့မိတယ် ~~

တကယ်တော့ ကျွန်တော့ရဲ့ ကံအဆိုးဆုံး အချိန်ကာလက
အရင်တုန်းကတိတ်တခိုး ချစ်ခဲ့ရတဲ့  အရူးကောင်
Park Chanyeol နဲ့ ပြန်ဆုံခြင်းပဲ!!

အလယ်တန်းကတည်းက အများနဲ့ မတူတဲ့ သွင်ပြင် အပြောအဆို နေထိုင် ဆက်ဆံ ပုံတွေကြောင့် လူအများကြားမှာ အရမ်း ထင်ရှားတဲ့သူ့ကို ပထမဆုံးအကြိမ် ရင်ခုန်ခဲ့ဖူးတယ် ~~

အတန်းတူပေမယ့် မိန်းကလေးများ အကြားမှာ ရေပန်းစားတဲ့ သူ့ကို ကျွန်တော် သဘောကျမိခဲ့ပေမယ့်
သူက တော့ Byun Baek Hyun ဆိုတာ ဘာမှန်းတောင် သိမှာ မဟုတ်ခဲ့ဘူး ....

လိုတာထက်ပိုပြီး သည်းသည်းလှုပ်တတ်တဲ့ ကျွန်တော့ ရဲ့ ယှဉ်ပြိုင်ဘက်တွေကို လည်ပင်းညှစ်သတ်ပစ်ပြီး ကျွန်တော် တစ်ယောက်တည်း သူ့ကို ပိုင်ဆိုင်ခွင့်ရဖို့ ဆုတောင်းခဲ့ဖူးတယ် ~~

ဒါတွေဟာ ငယ်စဉ်က ရူးသွပ်မိုက်မဲ မှုတွေ ~~
ပြန်စဉ်းစားမိလိုက်တိုင်း ကိုယ့်ဘာသာကိုယ် သတ်ပစ်ချင်မိတယ် ~~
ဘာကြောင့်မှန်း အကျင့်မကောင်းတဲ့ ကောင်ကို နှလုံးသား ပုံပေးမိခဲ့ပါလိမ့်

ကံကြမ္မာက တကယ်ကို ထူးဆန်းလွန်းပါတယ် ~~
တစ်ချိန်တစ်ခါက သူ့အနားရောက်အောင် ဘုရားကျောင်း ရောက်တိုင်း အကြိမ်ပေါင်းများစွာ ဆုတောင်းခဲ့တုန်းက စကားလေး တစ်ခွန်းတောင်ပြောခွင့်မရခဲ့ဖူးဘူး ~~ သေလောက်အောင်ကြည့်မရတဲ့ အချိန်ကျမှ တစ်အိမ်တည်း အတူတူနေတဲ့အထိ ဖန်တီးပေးတာ တကယ်ကို ကျေးဇူးတင်ဖို့ကောင်းလွန်းတယ်

အတွေးစတွေဟာ တီခနဲမြည်ရင်း မြောက်တက်လာသည့် ပေါင်မုန့်ချပ်ကြောင့် ရပ်တန့်သွားသည် ~~

Curious Fate 💥Where stories live. Discover now