☆ Part 6 ☆(ZawGyi +Uni )

8.1K 892 41
                                    

တီးလုံးသံ ဆူညံနေသည့် Green Rose ရဲ့ 10 years Anniversary party ခန်းမ ကနေ အသာလေး အပြင်ဘက်ထွက်လာခဲ့လိုက်သည်..

Park Chanyeol တစ်ယောက် လုပ်ငန်း ရှင်တွေနဲ့ စကားကောင်းနေလို့ ကျွန်တော့ကို သတိမထားမိတာ တော်သေးတယ် ..

ဖုန်းလေးကို ဖွင့်ကာ contact ထဲက Gu Mi ဆိုတဲ့ နာမည်လေးကို နှိပ်ကာ ခေါ်ဆိုပေမယ့် phone မကိုင်ခဲ့ ..

သူ စိတ်ဆိုးနေပြီ ထင်တယ် ..

" Gu Mi na ငါတကယ်တောင်းပန်ပါတယ်.. အဲ့နေ့က နင့်ဆီလာဖို့ ကြိုးစားခဲ့ပေမယ့် ...
ငါ့ကို ခွင့်လွှတ်ပါဟာ နော် .. နင်အဆင်ပြေရဲ့လား ? ငါ့ဆီကို ဖုန်းပြန်ဆက်နော် .. "

Voice mail ချန်ထားခဲ့လိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲ ဖုန်းပြန်ထည့်လိုက်ပြီး ခန်းမထဲပြန်ဝင်လာတော့ Park Chanyeol နဲ့ တည့်တည့်တိုးလေတယ်..

" ဘယ်တွေလျှောက်သွားနေတာလဲ ? "

" အသက်ရှုကြပ်လို့ ခဏ အပြင်ထွက်တာ .."

တကယ်ပင် မွန်းကြပ်လွန်းလှသည်..
လူကုန်ထံ လုပ်ငန်းရှင်တွေကြား နေရတာ သိမ်ငယ်သလို ခံစားရတာမျိုး စိတ်ကုန်တယ် ..
တစ်ချိန်လုံး သူ့ဘေးနား လိုက်ရပ်နေရင်း ဟိုကြည့်ဒီကြည့် နေရတာလည်း စိတ်ညစ်ဖို့ကောင်းတယ်..

" အခု အဆင်ပြေသွားပြီလား ?? ခဏပဲ... ပြီးရင် ပြန်ကြမယ် "

ဆိုရင်း တစ်နေရာကို ထွက်သွားပြန်တယ်.. ..

အစုလိုက် အစုလိုက် စကားဝိုင်းဖွဲ့နေသည့် လူတွေကြားမှာ တစ်ယောက်တည်း ရပ်နေရတာတော့
စိတ်ရှုပ်ဖို့ကောင်းတယ်..
ဘေးနားကဖြတ်သွားသည့် waiter ဆီက အအေးခွက်တစ်ခွက် လှမ်းယူလိုက်ပြီး လူရှင်းသည့် နေရာလေးမှာပဲ ရပ်နေလိုက်သည်..

Park Chanyeol ကိုကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက်နဲ့ စကားကောင်းနေတဲ့ပုံ ..
သူမ ကြည့်ရတာ လုပ်ငန်းရှင်ဖြစ်ပုံရမယ် ဝတ်ထားပုံက ကျက်သရေရှိပြီး လှပလွန်းတယ်..

" ဟွန်း Park Chanyeol တို့များ ဘယ်နေရာရောက်ရောက် စန်းပွင့်ပုံက ... ဟိုအမျိုးသမီးကလည်း ပြုံးနေလိုက်တာပါးစပ် နားရွက် တပ်ချိတ်တော့မယ် .. ဘာအကြောင်းတွေမလို့ အဲ့လောက်ပြုံးရယ်နေရတာလဲ ?? "

Curious Fate 💥Where stories live. Discover now