*တီ *
" ပြန်လာပြီလား ? ဈေးသွားဝယ်တာ ဘာလို့ ကြာနေရတာလဲ ?? "
အိမ်ထဲရောက်ရုံရှိသေး နောက်ကနေ ပွစိပွစိ ရေရွတ်နေတဲ့ Park Chanyeol !!!
စကားမပြောချင်တာနဲ့ လျစ်လျူရှုပြီး ဝယ်လာတဲ့ ပစ္စည်းတွေနဲ့ ချက်ပြုတ်ဖို့အတွက် မီးဖိုခန်းလေးထဲ ဝင်သွားတာတောင်မှ ဆက်ပြီး လိုက်ပြောနေတုန်း....
"ဘာလို့ကြာနေတာလဲလို့ မေးနေတယ်လေ !!! ?? "
လက်မောင်းကို လှမ်းဆွဲပြီး လူကိုဆွဲလှည့်လိုက်တော့ စားပွဲပေါ် ရောက်လုဆဲဆဲ အိတ်ကလေး ပြုတ်ကျသွားသည်...
" လမ်းလျှောက်ပြီး ဈေးသွားဝယ်တာပဲ !!! နည်းနည်းတော့ ကြာမှာပေါ့ !! ဘယ်လိုဖြစ်လို့ ပွစိပွစိ လိုက်ပြောနေတာလဲ !!!?? "
စိတ်ရှိသမျှအော်ပစ်ပြီး ပြုတ်ကျသွားတဲ့ အိတ်လေးထဲက ပန်းသီးလေးတွေကို ကောက်ဖို့ ထိုင်ချလိုက်တော့..
သူကပါ အတူတူ လိုက်ထိုင်ချပြီး လိမ့်သွားသည့် ပန်းသီးအချို့ကို ကောက်ပေးသည်..
"ကားယူသွားတာ တော့မဟုတ်ဘူး ~
ဒါနဲ့ ဘာလို့ ပန်းသီးတွေ အများကြီး ဝယ်လာတာလဲ ?? "နီးနီးလေးကို ကားနဲ့သွားရဦးမယ်ဆိုပဲ .. ဖြစ်နိုင်ရင် မင်း ပိုင်တဲ့ပစ္စည်းတွေ သုံးကိုမသုံးချင်တာ !!
" ငါ့အတွက် ညစာ.. ဒါ ငါ့ပိုက်ဆံနဲ့ ဝယ်တာနော် ... မင်းအတွက် မပါဘူး"
" ညစာ ?? ဘာလို့ ညစာလဲ ? ထမင်းမစားပဲ ပန်းသီး... ဩော်
မဟုတ်မှလွဲရော .. မင်း ဝိတ်ချမလို့လား ? "သိရင်လည်း ပါးစပ်ပိတ်နေတာမဟုတ်ဘူး !!
ပြောသမျှစကားတိုင်းမှာ လူကို လှောင်သလို သရော်သလို လေသံက အမြဲ ပျော်ဝင်နေတယ် !!
ပြောချင်စိတ်မရှိတာနဲ့ မကျေကြည့် ကြည့်ပြီး ပန်းသီးတွေကို ရေခဲသေတ္တာထဲထည့်လိုက်သည်..
တစ်လုံးပြီး တစ်လုံး အစီအရီထည့်နေတုန်း ခါးဆီရောက်လာတဲ့ လက်တစ်စုံကြောင့် လန့်ဖြန့်သွားရသည်..
" Yarr !!! ဘာလုပ်တာလဲ ?? !!! "
ဆွဲဖယ်ပေမယ့် အတင်းဖက်ထားတာကြောင့် အားကုန်ရုန်းလေတော့ လူကိုဆွဲမြှောက်ထားလေသည်..
YOU ARE READING
Curious Fate 💥
FanfictionEverything , concerning with him is curious !!! ?? My Fate start again with Park Chanyeol ?, that crazy dude!! ??? Crd to owner for coverphoto ?