☆ Part 17 ☆

6.5K 793 61
                                    

ဟူးး ~~
တစ်နေကုန် ဘယ်လိုဖြစ်မှန်းမသိ စိတ်ထဲ ညည်းစီးစီး ဖြစ်နေတာနဲ့
လေကောင်း လေသန့် ရှုရန် ခဏလောက် ခေါင်မိုးထပ်ဆီ တက်လာခဲ့လိုက်သည်...

ခဏလေးဆိုပြီး ကတိ ခဏခဏ ပေးမှ သွားခွင့်ပြုလိုက်တဲ့သူက လိုက်ဖို့ပါ ဟန်ပြင်နေတာမလို့ တားထားရသည်..
သူ့အနားမှာ အမြဲရှိနေရမှာ ကျွန်တော့တာဝန်ပေမယ့် တစ်ချို့အချိန်တွေအတွက် ချန်ထားသင့်တယ်လို့ ထင်မိတယ် ..

အနားမှာ အနေကောင်းလို့ တစ်ခါ Car parking မှာ သူနှင့်ကျွန်တော် ဖက်သည်ကို တစ်ချို့ဝန်ထမ်း တွေမြင်သွားသေးသည်..
ကျွန်တော့မှာ မျက်နှာပူပြီး ရှက်မိသလောက် စိုးရိမ်သလောက် သူကတော့ နည်းနည်းမှ မပူပန် ~~

" နှမြောလိုက်တာဟာ ... သူ ဘယ်လိုများ သူဌေးကိုဆွဲဆောင် လိုက်လည်းမသိဘူး ~~ "

သူဌေး ? Park Chanyeol ??

" အေးလေဟယ်... ငါတို့ သူဌေးလို အရမ်းကိုပြည့်စုံပြီး လူတိုင်း အားကျရတဲ့သူက ယောကျာ်းချင်း .. အီးး... ပြောလေ နှမြောလေ ~~ "

Aww... သူတို့ပြောနေတာ ကျွန်တော်နဲ့ Park Chanyeol အကြောင်းပေါ့ ....
နှမြောတယ် ??
နှမြောတယ်ဆိုတဲ့ စကားအဓိပ္ပါယ်က
သူမ တို့ပြောသလို သူကအရမ်း ပြည့်စုံပြီး အားလုံး တမ်းတ မက်မော ရတဲ့လူဖြစ်နေလို့လား ?
ဒါမဟုတ် ကျွန်တော်နဲ့ မထိုက်တန်လို့လား ??

"အစက သူဌေးမှာ မိန်းကလေး ချစ်သူရှိဖူးတယ်မလား ? သူတို့ကွဲသွားတဲ့အချိန်နဲ့ ဟိုတစ်ယောက် အလုပ်ဝင်တဲ့အချိန် သိပ်မကွာဘူး ..  မဟုတ်မှ လွဲရော သူကြောင့် များလား ?? "

"ဖြစ်နိုင်လောက်တယ် ... ရုပ်ကလေး ကချစ်စရာကောင်းသလောက် ကြောက်ဖို့ကောင်းတယ်နော်~~ "

Hak.....
လူတွေ လူတွေ...
ဆက်နေရင်ပိုလို့ပင်စိတ်ရှုပ်ရပေဦး
မည်မလို့ ထိုနေရာကနေ ထွက်လာခဲ့သည်.....
ကိုယ်မသိတဲ့အကြောင်းအရာတစ်ခု ကိုထင်ကြေးပေးပြောရုံနဲ့ မပြီးပဲ တစ်ဖက်သားကို အဆုံးအစွန် နိမ့်ကျအောင် ပြောဆို တတ်လွန်းတယ်...
သူတို့ မသိဘူး ... ကျွန်တော် Chanyeol ကို စတွေ့ကတည်းက ချစ်ခဲ့တာ ...
သူတို့မသိဘူး .. သူကြောင့် ရူးမတတ် ခံစားခဲ့ရတာတွေ ...
Hak... Park Chanyeol ရေ လူတွေက ငါ့ကို မကောင်းတဲ့ကောင်လို့ ပြောနေကြပြီ !

Curious Fate 💥Where stories live. Discover now