☆ Part 5 ☆(ZawGyi +Uni)

8.2K 906 27
                                    

" Nae.. ဒါပေါ့ဗျာ သေချာပေါက် လာရမှာပေါ့ .. &#*$@&$* "

Park Chanyeol တစ်ယောက် အလုပ်ကိစ္စနဲ့ ဖုန်းပြောနေတဲ့ အချိန် ရုံးခန်းထဲ အမြန်ဝင်ပြီး သူ့လက်မှတ် လိုအပ်သည့် file တို့ကို စားပွဲပေါ် တင်ပြီး အမြန် အပြင်ကို ပြန်ထွက်လာခဲ့လိုက်သည်...

ထိုအချိန်လေးအတွင်း အသက်အောင့်ပြီး အမြန်လုပ်လိုက်ရတာကြောင့် အပြင်ရောက်မှ လေဝဝ ရှုရတော့သည်..
Park Chanyeol  ပတ်ဝန်းကျင်က အရမ်းကို မွန်းကြပ်လွန်းတယ် ..

ကိုယ့်နေရာလေးမှာ ပြန်ထိုင်ရင်း လုပ်လက်စ file လေးကို ဖွင့်လိုက်စဉ် ရုတ်တရက် ခေါင်းထဲဝင်လာသည့် မနေ့က အဖြစ်အပျက်ကြောင့် ရူးချင်မိသည် ..

မျက်နှာချင်း မဆိုင်လို့ မရပေမယ့် အတတ်နိုင်ဆုံး မျက်လုံးချင်းမဆုံမိအောင် နေနေရတယ် ...
အခုတော့ ကျွန်တော့မှာ အမှားလုပ်ထားမိတဲ့ လူတစ်ယောက်လို ခေါင်းငုံ့နေရပေမယ့် တကယ် ကျူးလွန်ထားတဲ့သူက မျက်နှာပြောင်တိုက်ပြီး ဘာမှမဖြစ်သလို သာမန်အတိုင်း နေနို်င်တာ အံ့ဩလို့မဆုံး

ပထမဆုံး ..
ပထမဆုံး အနမ်းလေး လုယူခံလိုက်ရတယ် .. 😭
ဖြစ်နိုင်ရင် အဲ့ကောင်ကို တရားစွဲပစ်ချင်ပေမယ့် ဒီလိုကိစ္စ အတွက် နိုင်ငံ့ဥပဒေထဲမှာ ပုဒ်မ ပြစ်ဒဏ် မရှိတော့ အနိုင်ကျင့်ခံရမှန်း သိသိကြီးနဲ့ နေနေရတယ် !!

တောက် !!!

" Byun Baek Hyun ssi အခန်းထဲ ခဏ ဝင်ခဲ့ပါဦး "

ဘေးနားက ကြိုးဖုန်းလေးဆီက ထွက်ပေါ်လာသည့် အသံကြောင့် သေချင်မိသည်..
သူနဲ့ မျက်နှာချင်းဆိုင်ရဦးမှာပါလား

ခုနက တင်ထားခဲ့တဲ့ file တွေကို လှန်လှော စစ်ဆေးနေသည့် သူ့ရဲ့ ခပ်လှမ်းလှမ်း ဘေးနား လေးမှာ ရပ်လိုက်တော့ ..

" မင်း ဒါကို သေချာရော စစ်ခဲ့ရဲ့လား ? လချုပ်စာရင်းတွေ မကိုက်ဘူးဖြစ်နေတယ် ကြည့်စမ်း  ! "

တွန်းထုတ်ပေးသည့် file ကို ယူကာကြည့်လိုက်တော့ အမှန်တကယ်ပင် ..
ကျွန်တော် သေချာစစ်လိုက်ပါသေးတယ် ..

" အလုပ်ကို သေချာဂရုစိုက်လုပ်ပါလို့ ပြောထားရက်နဲ့ .... ဟင်းး "

Curious Fate 💥Tempat cerita menjadi hidup. Temukan sekarang