☆Part 12☆

6.4K 747 40
                                    

"ချစ်တယ် ~~ Baek Hyunee ~~"

ကြည်လင် ပြတ်သားသော Park Chanyeol အသံ !!
နီးကပ်လာသော သူ့မျက်နှာကြီးရယ်!!

စိုးထိတ်မှုတို့ကြောင့် လွင့်မြောနေသော စိတ်ဝိဉာဉ် နှင့် ခန္ဓာတို့ ပူးကပ်ပြီး အိပ်ယာပေါ်မှ ဝုန်းခနဲ နိုးထလာသည်...

မောဟိုက်စွာဖြင့် အနားရှိ လေတို့ကို ရှုရှိုက်နေစဉ်မှာ ဦးနှောက်တစ်ခုလုံး blank...

တဒိတ်ဒိတ်ခုန်နေသည့် ရင်ဘတ်ကို ဖိထားစဉ် " ချစ်တယ် Baek Hyunee " ဆိုသည့် စကားကို တစ်ဖန်ရှင်းလင်းစွာ ကြားယောင်မိသည်...

"Undwelll !!!!! 😵😵 မဖြစ်နိုင်တာ !!! မဖြစ်နိုင်ဘူး !!! "

Park Chanyeol ဆိုတဲ့ကောင်က ဒီလိုမျိုး နုနုယွယွ စကားလုံးမျိုး ပြောမှာမဟုတ်ဘူး !!!

အိမ်မက် !! အိမ်မက်ဆိုရင် တောင် ဘာလို့ ဆိုးဆိုးရွားရွားကြီး မက်ရတာလဲ !!!!??? 😧😧😧

စိတ်တို့ကို ပြန်လည် ဖြေလျော့ရင်း နောက်တစ်ဖန် အိပ်စက်ရင် လဲလျောင်းလိုက်သည်...

တစ်ညလုံး အိမ်မက်ဆိုးရဲ့ နှိပ်စက်မှုကြောင့် အဲ့နေ့ညက မိုးလင်းကာနီးမှ အိပ်ပျော်သွားခဲ့သည်..

"Byun Baek Hyun .. Byun Baek Hyun  !!!!! "

" ဟမ် ?? အမ် ?? အင်း ဘာခိုင်းစရာ ရှိလို့လဲ ??"

နေ့လယ်ရောက်တော့ လူက ဘယ်လိုမှ မဟန်နိုင်ပဲ စားပွဲပေါ် ခဏအိပ်ပျော်သွားတုန်း Park Chanyeol လာနှိုးလေသည်...

" အလုပ်ချိန်မှာ အိပ်ပျော်နေတယ် ဆိုတာ ဖြစ်သင့်လား ?? Byun Baek Hyun ssi?? တဖြည်းဖြည်း နဲ့ စည်းကမ်း ပျက်လာသလိုပဲ "

" တောင်းပန်ပါတယ်... မနေ့ညက အိပ်ရေးပျက်သွားလို့ ဘယ်လိုမှ မထိန်း နိုင်လို့ အိပ်ပျော်သွားတာပါ...
နောက်မဖြစ်စေရပါဘူး "

" မနေ့ညက ဘာလို့ အိပ်ရေးပျက်ရတာလဲ ?? ဘာမဟုတ်တာ တွေ လုပ်နေလို့လဲ ?? "

ဟင်းးး !!!  စပ်စုလိုက်တာလို့ ပြောချင်ပေမယ့်လည်း အထက်လူကြီးဖြစ်နေချိန်ဆိုတော့ ...

" ဒီတိုင်း ကိုယ်ရေးကိုယ်တာ ကိစ္စတွေပါ ... အလုပ်မှာ အနှောင့်အယှက် ဖြစ်သွားစေရင် တောင်းပန်ပါတယ် "

Curious Fate 💥Where stories live. Discover now