☆ Part 24 ☆

5.8K 680 46
                                    

" မင်း .. ဘာဖြစ်နေတာလဲ ? မျက်နှာက မကြည်လင်သလိုပဲ "

"  ဘာမှ မဖြစ်ပါဘူး .. ဒါနဲ့ မင်းအလုပ် မသွားသေးဘူးလား ? "

" Ahhh !!!! မေ့နေတာ !! နောက်ကျပြီ !!... ဒုက္ခပဲ ဟို FA manager ပါးစပ်နဲ့တော့တွေ့ပြီ !! "

ပျာတီးပျာယာနှင့် ဝရုန်းသုန်းကား ပြေးထွက်သွားတဲ့ Jong Dae ကိုကြည့်ပြီး စိတ်ပျက်စွာ ခေါင်းခါရမ်း မိသည်...

ဒီကောင် အသက်ကြီးသာ ကြီးလာတယ် ဘာတစ်ခုမှ ဂရုတစိုက် သေသေချာချာ မလုပ်တတ်ဘူး !

တကယ်တော့ ဒီလို ဘာလို့ ပြောရလဲ ဆိုရင် ...

" ငါ့  file !!!! အရှေ့ထိုင်နေပြီး မြင်ရဲ့သားနဲ့ သတိမပေးဘူး !! မင်း နဲ့ပြန်လာမှ စာရင်းရှင်းမယ် !! "

ဝုန်းဒိုင်းကျဲ ပြန်ဝင်လာပြီး စားပွဲပေါ်က file တွဲကိုယူကာ ပြောဆိုသွားသည့် သူ့အား စိတ်ပျက်စွာသာ ကြည့်နေမိသည်..

သူ့ဘာသာ ဂရုမစိုက်တာ ငါ့အမှားပဲ ဖြစ်ရဦးမယ် သောက်ရူး ...

စိတ်ထဲကမှတ်ချက်ပေးရင်း နောက်ဆုံး လက်ကျန် coffee ကို မော့ကာသောက်လိုက်သည်...

တစ်နေကုန် စိတ်ထဲလေးလံနေသည်မလို့ အိပ်ယာထဲ လူးလိမ့်ရင်းသာ အချိန်ကုန်နေမိသည်..
Chanyeollie ဆီ ဖုန်းဆက်ဖို့ ကျပြန်တော့လည်း ဒီနေ့ အလုပ်ရှုပ်မယ် ဆိုတာကြောင့် အလိုက်တသိ မရှုပ်မိစေဖို့ စိတ်ထိန်းထားရတယ် ...

" လွမ်းလိုက်တာ Chanyeollie ရာ ~~ "

Wallpaper ပေါ်မှ couple ပုံလေးကို ကြည့်ပြီးသာ အလွမ်းဖြေပေမယ့် စိတ်ထဲတော့ သူ့ဆီသာ ချက်ချင်း ပြေးသွားချင်မိသည်....

* Ring *

" Hello... "

Unknown number ဖြစ်တာကြောင့် အမြန် ဖုန်းကိုင်လိုက်သည်.....
အလုပ်လျှောက်ထားတာ interview ခေါ်ဖို့ ထင်တယ်...
ပထမ Company မှာ အလုပ်လျှောက်တာ အဆင်ပြေပြီး အလုပ်ဝင်ကာနီးမှ
Park Group ရဲ့ company ခွဲတစ်ခုဖြစ်တာမှန်းသိလိုက်တာ ကြောင့် အလုပ်မဝင်ရသေးပဲ အလုပ်ထွက်ခဲ့ရသည်...
ဒါကြောင့်အလုပ်အကြောင်း ပြောတုန်းက သူ ဘာမှ စိတ်မဝင်စားသလို နေခဲ့တာ....

" Baek Hyun na !! ငါလေ
Gu Mi  !! "

Gu Mi ??
သူမနာမည် ကြားလိုက်ရသည်နဲ့ တပြိုင်နက် ခန္ဓာကိုယ် တစ်ခုလုံး အေးခဲတောင့်တင်းသွားသည်...

Curious Fate 💥Where stories live. Discover now