ရက်အားဖြင့် လေးရက်ခန့်ရှိပြီ...
ဒူးထောက်နေသောနေရာမှ တစ်လှမ်း မျှမရွေ့ပဲ Baek Hyun တစ်ယောက် Chanyeol အိမ်ရှေ့ဝယ် ဆန္ဒ ထုတ်ဖော်နေလေတယ်...ရုံးသွား ရုံးပြန် အိမ်တံခါးဝမှာ Chanyeol အဖေနဲ့ အမြဲဆုံပေမယ့်
စိတ်ပျက်စွာကြည့်ပြီး ကျော်သွားတတ်သည်...
သို့ပေမယ့် သူစိတ်သက်သာရာ ရသည် အနည်းဆုံးတော့ သူ့ကို အိမ်ရှေ့ကနေဆွဲထုတ်မသွားဘူးလေ..တရိပ်ရိပ် အုံ့ဆိုင်းလာသည့် မိုးသားတို့ကြောင့် မိုးရွာတော့မည်ဟု တွေးမိလိုက်တယ်..
ရာသီဥတုကတောင် ကိုယ့်ဘက် မရှိပါလား ... တွေးနေတုန်းပဲ မိုးရွာကျလေသည်..တဖြည်းဖြည်း သည်းထန်လာသည့် မိုးကိုChanyeollieအတွက် အန်တုရင်း ရှေ့ဆက်ဖို့အတွက် အားတင်းထားလိုက်သည်..
ခြံတံခါးဖွင့်သံ ကြားလိုက်ရသည့်မလို့
မော့ကြည့်မိတော့ အိမ်အကူ Arjima ထွက်လာပြီး ..." ကောင်လေး သူဌေးကတော်က အိမ်ထဲကို လာခဲ့တဲ့ .. မြန်မြန် "
မိုးစက်တွေ အပြင်းအထန် ထိတွေ့နေသည့် မြေပြင်ကို အားယူရင်း ထလိုက်ပေမယ့် အချိန်အတော်ကြာခဲ့သည်မလို့ ခြေထောက်နှစ်ဖက်လုံးဆီက ထိတွေ့မှုကို ခံစား၍မရ ...
"ကောင်လေး !! အဆင်ပြေရဲ့လား ? "
တစ်ဖက်ကထီးကိုင်ရင်း ယိုင်လဲကျသွားသည့် ကျွန်တော့
ခန္ဓာ ကိုယ်ကိုလာထိန်းပေးသည့် Arjima ကို အကူအညီတောင်းပြီး အိမ်ထဲရောက်အောင် ပို့ခိုင်းရသည်..လမ်းအနည်းငယ် လျှောက်လိုက်တော့ ခြေလှမ်း လှမ်းရတာ အဆင်ပြေလာသည်..
Chanyeollie အမေရှေ့ရောက် သည့်အခါမှာ တုန်ရီနေသည့် ခြေထောက်တွေကို အားတင်းပြီး မတ်တပ်ရပ်နေလိုက်သည်..
သူမကတော့ ဂရုမပြုဟန်နဲ့ စားပွဲပေါ် သစ်သီးပန်းကန်ထဲက ပန်းသီး တစ်စိတ်ကို ယူကာ တစ်ကိုက် ကိုက်ပြီးပြန်ချထားလိုက်လေတယ်..
" Byun Baek Hyun မင်း ငါတို့ကို ဘယ်အထိ ဆက်ပြီး ဒုက္ခပေးနေဦး မှာလဲ ? "
" တောင်းပန်ပါတယ် ~~ "
"ငါလိုချင်တာ တောင်းပန်တာမဟုတ်ဘူး .. Chanyeol ဘေးနားက ထွက်သွားဖို့ပဲ "
YOU ARE READING
Curious Fate 💥
FanfictionEverything , concerning with him is curious !!! ?? My Fate start again with Park Chanyeol ?, that crazy dude!! ??? Crd to owner for coverphoto ?